လိုင်စင်မရှိအလှပြင်ဆိုင်အမည်ခံ ပြည့်တန်ဆာလုပ်ငန်း လုပ်ကိုင်နေသူတရုတ်နိုင်ငံသားများကို တောင်ဥက္ကလာပမြို့နယ်တရားရုံးတွင် ဇွန် ၆ ရက်မွန်းတည့် ၁၂ နာရီအချိန်ခန့်က ရုံးထုတ်ခဲ့သည်။
မေ ၂၂ ရက် နံနက် ၄ နာရီ အချိန်ခန့်ကရန်ကုန်တိုင်းဒေသကြီးမှုခင်းအကူဌာနစုမှူး နှင့် တောင်ဥက္ကလာပမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များက ဝေဇယန္တာလမ်းပေါ်တွင် ဖွင့်လှစ်ထားသည့်
Oriental Spa အလှပြင်ဆိုင်အမည်ခံ ပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင်နေကြောင်းသတင်းအရ အသွင်ယူ သက်သေတို့ဖြင့် ဝင်ရောက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
အဆိုပါဆိုင်တွင်းမှ ပြည့်တန်ဆာလုပ်ကိုင်သူအမျိုးသမီး ၁၇ ဦးနှင့်ဆိုင်မန်နေဂျာအပါဝင် ၁၁ ဦး စုစု ပေါင်း ၂၈ ဦးကို ဖမ်းဆီးရမိခဲ့သည်။
ဆိုင်အတွင်းရှိ ပြည့်တန်ဆာလုပ်ကိုင်ရန်ထားရှိသည့် အခန်း ၁၈ ခန်းအတွင်းမှ မွေ့ယာ၊ ခေါင်းအုံး၊ တဘက်များနှင့် အမျိုးသားညအိပ်ဝတ်စုံများကို သိမ်းဆည်းခဲ့သည်။
ဆိုင်ကောင်တာအံဆွဲအတွင်းမှ ပြည့်တန်ဆာကိစ္စဆောင်ရွက်ရာတွင် အသုံးပြုသည့်စာရွက်စာတမ်းများနှင့် အသွင်ယူသက်သေကို ပေးအပ်ခဲ့သည့်ကြိုတင်မှတ်သားထားသည့် ငွေကျပ် ၁၀ဝ၀ဝ တန် ၁၀ ရွက်၊ ၅၀ဝ၀ တန် ၁၉ ရွက်အပါအဝင်ပြည့်တန်ဆာလုပ်ကိုင်ရာမှ ရရှိသည့် ငွေဟုယူဆရသည့် ကျပ် ၂၄၃၃၀၅၀ တို့ကိုသိမ်းဆည်းရမိခဲ့သည်။
ထို့ပြင် ဆိုင်ခန်း မီးခံသေတ္တာအတွင်းမှ ကျပ် ၃၂၀၉၀ဝ၀ဝ ၊ ကန်ဒေါ်လာ ၆၃၆၉၊တရုတ်ယွမ် ၁၁၇၀ဝ တို့နှင့် စာရွက်စာတမ်းများကို သိမ်းဆည်းရမိခဲ့ပြီးတရုတ်နိုင်ငံထုတ် စကားပြောစက် ၈ လုံးနှင့် အထိုင်စက် ၃ လုံးတို့ကိုသိမ်းဆည်းရမိခဲ့သောကြောင့် ပြည့်တန်ဆာလုပ်ကိုင်သူ မလီထင်ပါ ၁၇ ဦးကိုဖမ်းဆီး အရေးယူခဲ့ပြီး တောင်ဥက္ကလာပမြို့မရဲစခန်းကပြည့်တန်ဆာနှိပ်ကွပ်ရေးဥပဒေပုဒ်မ ၃(က)/ (ခ) အရလည်းကောင်း၊ ဆိုင်မန်နေဂျာဖုန်အန်သင်းပါ (၁၁)ဦးကို ပြည့်တန်ဆာနှိပ် ကွပ်ရေး ဥပဒေ ပုဒ်မ ၅(၁)ဖြင့်လည်းကောင်း၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၇ ဖြင့် လည်းကောင်း အသီးသီး အမှုဖွင့်ကာ တောင်ဥက္ကလာပမြို့နယ်တရားရုံးသို့ မေ ၂၂ ရက်တွင် နေ့ချင်းပြီးချုပ်ရမန်တောင်းယူ စစ်ဆေးခဲ့သည်။
ဖမ်းဆီးရမိသူများကို သက်ဆိုင်ရာက ကနဦးဖမ်းဆီးစဉ်က နေထိုင်ခွင့်ဗီဇာ၊ပက်စ်ပို့ များတောင်းယူ စစ်ဆေးစဉ် ပြသနိုင်ခြင်းမရှိခဲ့သော်လည်း မေ ၂၄နှင့် ၂၅ ရက်နေ့ များတွင် တောင်ဥက္ကလာပမြို့နယ် (လဝက)မှဆက်လက်စစ်ဆေးပေါ်ပေါက်ချက်များအရ ဆိုင်မန်နေဂျာ Meng, Fanjiu(မုန်ဖိုင်း)(၃၇ နှစ်)၊ Liu Zhongrong(လျိုကျား)(၃၆ နှစ်)၊ Zhou Yu(ရှောက်ယွိ)(၃၁ နှစ်)၊ Peng,Lingdan (ဖုန်းမြောင်းမြောင်)(၃၀ နှစ်)၊Miao,Yue (မကျန်းရွှီးကျား)(၃၁ နှစ်)၊ Yan Yuan(မကျန်းရွှဲ)(၂၈ နှစ်)၊Sun, Jian(မကျန်းရွှဲ)(၃၅ နှစ်)၊ Zhang , Jinling (၃၅ နှစ်)၊ Wei Yue(မဝေယွဲ့) (၂၄ နှစ်)၊ Li Zhen Yan (မလီကျိန်းရဲ)(၂၅ နှစ်)၊ Peng Chin Yai (မဖုန်းချင်ယိုင်)(၂၅ နှစ်)၊ Liang Ye(မလျန်ရဲ)(၂၆ နှစ်)၊Cheng Ai(မချိုန့်အိုင့်)(၂၆ နှစ်)၊ TaoLiang(မထောင်းလျန်း)(၃၀ နှစ်)၊ LuoZuan(မလှော်ကျွမ်း) (၂၆ နှစ်)၊ Li Ting (မလီထင်)(၂၂ နှစ်)နှင့် Liu San
(မလျှိုစမ်း(၂၅ နှစ်)တို့မှာ မြန်မာနိုင်ငံသို့ စီးပွား ရေးဗီဇာဖြင့်ဝင်ရောက်ခဲ့ပြီး စီးပွားရေးမလုပ်ကိုင်ဘဲပြည့်တန်ဆာလုပ်ငန်းလုပ်ကိုင် နေခြင်းကြောင့်
ဗီဇာတွင်သတ်မှတ်ထားသည့်စည်းကမ်းချက်များကို ဖောက်ဖျက်သဖြင့်လဝကဥပဒေပုဒ်မ၄(၂)/၁၃(၁) တို့ အရအမှုဖွင့်အရေးယူခဲ့သည်။
၄င်းတို့ အပါဝင်ဖမ်းဆီးခံရမှုတွင် ပါဝင်သူများတွင်မြန်မာနိုင်ငံတွင်းနေထိုင်သူတိုင်းရင်းသားများလည်း ပါဝင်ကြောင်းရဲတပ်ဖွဲ့မှတ်တမ်းများအရသိရသည်။
















