ဆူးဖြူရိပ်သာကျောင်းဝင်းအတွင်း ရပ်ထားသည့် ယာဉ် ၂စီးပေါ်မှ သစ်မျိုးစုံ (၂.၅၁၅၀)တန် ဖမ်းမိ

ဆူးဖြူရိပ်သာကျောင်းဝင်းအတွင်း ရပ်ထားသည့် ယာဉ် ၂စီးပေါ်မှ သစ်မျိုးစုံ (၂.၅၁၅၀)တန် ဖမ်းမိ

မန္တလေးမြို့ ဆူးဖြူရိပ်သာကျောင်းဝင်းအတွင်း ရပ်ထားသည့် ယာဉ် ၂စီးပေါ်မှ သစ်မျိုးစုံ (၂.၅၁၅၀)တန် ကို သက်ဆိုင်ရာက ဖမ်းဆီးခဲ့ကြောင်း သစ်တောဦးစီးဌာနက ဇွန် ၇ ရက်နေ့က သတင်းထုတ်ပြန် ထားသည်။

ဇွန် ၄ ရက်နေ့ ညနေ ၆ နာရီ ခွဲအချိန်ခန့်တွင် အောင်မြေသာစံမြို့နယ်၊ သစ်တောဦးစီး ဌာနမှ သစ် တော ဝန်ထမ်းများ၊ နှင့်ပူး ပေါင်းအဖွဲ့သည် ချမ်းအေးသာစံမြို့နယ်၊ ကန်ကောက်ရပ်၊ဆူးဖြူရိပ်သာ ကျောင်းဝင်းအတွင်း ရပ်ထားသည့် ဆုလာဘ်ရွှင် မန္တလေး-လားရှိုး Express မှန်လုံယာဉ် နဲ့ MDY ISUZU ဒိုင်နာယာဉ် ၂စီးတို့ကို စစ်ဆေးခဲ့သည်။

အဆိုပါယာဉ် ၂ စီးပေါ်တွင် ်ကျွန်း/ပိတောက်ခွဲသား/ ဂစ်တာအိုးပုံကြမ်း(၃၅၂)ချောင်း (၂.၅၁၅၀)တန်၊ သစ်ခွခြောက် အိတ်(၅)အိတ်(၂၀ဝ)ပိဿာ တို့ကို တရားမဝင်သယ်ဆောင်လာသည်ကို တွေ့ရသဖြင့် ယာဉ်မောင်းကျော်စိုးဟန်၊ ယာဉ်မောင်းဝေဇင်ဖြိုး နဲ့ ဂိတ်မှူးအောင်တိုးဦးတို့ကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။

ချမ်း အေးသာစံမြို့နယ် အမှတ် ၃ ရဲစခန်းက (ပ)၂၉၄/၁၈၊ သစ်တောဥပဒေပုဒ်ပ ၄၃(က) နဲ၄၀(ခ) တို့အရ အမှုဖွင့်အရေးယူထားကြောင်းသိရသည်။