တာမွေမြို့နယ်အတွင်း ချက်ကြိုးတန်းလန်းဖြင့် ကလေးအလောင်းစွန့်ပစ်သူကို အမှုဖွင့်စုံစမ်းလျက်ရှိ ကြောင်း ဇွန် ၆ ရက်နေ့ က ရဲစခန်းမှသိရသည်။
အဆိုပါနေ့ နံနက် ၁၁ နာရီ အချိန်ခန့်တွင် တာမွေမြို့နယ် ကျောက်မြောင်းအရှေ့ရပ်ကွက် အောင်မင်္ဂလာလမ်းနှင့်ဥယျာဉ်လမ်းကြားတွင် ချက်ကြိုးတန်းလန်းဖြင့် ကလေး အလောင်းစွန့်ပစ် ထားကြောင်း သတင်းအရ ဒုရဲမှူးမျိုးမြင့်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။ အဆိုပါနေရာတွင် ကိုယ်ဝန် ၆ လခန့်အရွယ်သားခန့် ချက်ကြိုးတန်းလန်းဖြင့် မိန်းကလေးငယ် အလောင်းကို တွေ့ရှိခဲ့ သည်။
စုံစမ်းချက်အရ ကလေးအလောင်းကို စတင်တွေ့ရှိသူ ဦးညွှန့်ခိုင်က အလုပ်ကိစ္စဖြင့်အဆိုပါနေရာ အနီးမှ ဖြတ်သန်းသွားလာစဉ် ကလေးအလောင်းစွန့်ပစ်ထားကြောင်းတွေ့မြင်သဖြင့် ၄င်းနေရာအနီး နေထိုင်သူ အမျိုးသမီးကိုပြောပြရာ ၁၉၉ သို့ ဆက်သွယ်အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဒုရဲအုပ် ဇော်မိုးထက်မှ ကလေးအလောင်းစွန့်ပစ်သူကို အရေးယူပေးရန် တိုင်ကြားခဲ့ရာ တာမွေမြို့မ ရဲစခန်းက(ပ)၅၆၂/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၁၈ အရ အမှုဖွင့်စုံစမ်းလျက်ရှိသည်။
















