၁၂ဘီးယာဉ်က နောက်မှဝင်တိုက်မိပြီး ဖေါကား မှာ တံတားရေမြေင်းထဲသို့ရောက်ရှိ
ယနေ့မနက်၇နာရီ၂၀မိနစ်အချိန် ပေါင်မြို့ဖလပ်ကျေးရွာ အဝေးပြေးလမ်းတံတားအမှတ် ၅/၁၆၉ အနီးတွင် ကားလမ်းပေါ် စည်းကမ်းမညီရပ်ထားသည့် ယာဉ်မောင်း သက်ပိုင်စိုးမောင်းနှင်သော ဖေါကား အပြာရောင် ကို ဘရိတ်ပေါက်လာသည်ဆိုသော ယာဉ်မောင်း နေလင်းအောင်မောင်းလာသော 5F/6800 နံပတ်တပ်၁၂ဘီးယာဉ်က နောက်မှဝင်တိုက်မိပြီး ဖေါကား မှာ တံတားရေမြေင်းထဲသို့ခေါင်းစိုက်ထိုးကျသွားခဲ့ကြောင်းသိရှိရသည်။
အဆိုပါဖြစ်စဉ်ကြောင့်လူထိခိုက်မူမရှိကြောင်းသိရှိရသည်။

















