၀ိုင်ဘီအက်စ်ယာဉ် စက်ချိုယွင်းကာ ယာဉ်တိုက်မှုဖြစ်ပွား ၁ ဦးသေ ၈ ဦးဒဏ်ရာရ
ဇွန် ၈ နံနက် ၈ နာရီ ၂၀ အချိန်ခန့်တွင် သာကေတမြို့နယ် ၁၀/မြောက် ရပ်ကွက် ဧရာဝဏ်လမ်း အတိုင်းမောင်းလာသော YBS 9 မီနီဘက်စ်ယာဉ်သည် နဝရတ်လမ်းတောင့်အရောက်တွင်စက်ချိုယွင်းမှုဖြစ်ပွားခဲ့သည်။
ထိုသို့ဖြစ်ပွားစဉ် နဝရတ်လမ်းပေါ်ရှိ ယာဉ်သုံးစီးနှင့်ဆိုင်ကယ်လေးစီးကို တိုက်မိခဲ့ပြီး မီနီဘက်စ်ယာဉ်မှာ တိမ်းမှောက်မှုသွားခဲ့သည်။
ယာဉ်တိမ်းမှောက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၈ ဦးရှိခဲ့ကြောင်း သိရသည်။ သေဆုံးသူကို ရန်ကုန်ဆေးရုံကြီးသို့ပိုအပ်ရာ ပီအာရ် ဝ၂၉ ဖြင့် လက်ခံထားကြောင်းသိရ ပြီး သက်ဆိုင်ရာက အမှုဖွင့် စုံစမ်းစစ်ဆေးလျက်ရှိသည်။

















