ငါးစက်လှေမှ ရေစုပ်စက်ကို ဓါးထောက်လုယူခဲ့သည်ဆိုမှုမှ တရားခံပြေးဖမ်းမိ

ငါးစက်လှေမှ ရေစုပ်စက်ကို ဓါးထောက်လုယူခဲ့သည်ဆိုမှုမှ တရားခံပြေးဖမ်းမိ

ကျောက်ချရပ်နားထားသည့် ငါးဖမ်းစက်လှေမှ ရေစုပ်စက်ကို ဓါးထောက်လုယူခဲ့သည်ဆိုမှုမှ တရားခံပြေးကြေငြာခံထားရသူ တစ်ဦးကို အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ရုံး၊ မှုခင်းနှိမ်နင်းရေး ဌာန စုမှတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း ဇွန် ၈ ရက်နေ့က ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ထား သည်။

ဇွန် ၁ ရက်နေ့တွင် ညနေ ၅ နာရီ အချိန်ခန့်တွင် အနောက်ပိုင်းခရိုင်တရားရုံးမှ တရားခံပြေးအဖြစ် ကြေငြာထားသူ ဂျီပု(ခ) မြင့်စန်းကို ဒလမြို့နယ်၊ သမ္မတကမ်းခြေကျေးရွာ၊ ရန်ကုန်မြစ်ကမ်း ဘေး အနီးရှိတဲအတွင်းပုန်းခိုနေစဉ် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၄င်းသည် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် ဒလမြို့ ကမာကသွယ်ဆိပ်ကမ်းအနီး ကျောက်ချရပ်ထားသည့် ငါးဖမ်းစက်လှေတစ်စီးပေါ်သို့ ဇော်ဇော်မျိုး(ခ) ဇော်မျိုး ၊ကုလား တို့ နှင့်အတူ တက်ရောက်ကာ ရာမဟာအမျိုးအစား ရေစုပ်စက်တစ်စီးကို ဓားထောက်လုယူခဲ့ပြီး အမှုနှင့်ပတ်သက်၍ ဆိပ်ကမ်းမြို့မရဲစခန်းက အမှုဖွင့် စုံစမ်းနေသည့် အမှု ဖြစ်သည်။

တိမ်းရှောင်နေသူများကို ဖမ်းဆီးရမိရေးအတွက် အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူး ရုံး၊ မှုခင်းနှိမ်နင်း ရေးဌာန စုဝင်များက စုံစမ်းခဲ့ရာ ယခုနှစ် ဇန်နဝါရီ ၅ ရက်နေ့တွင် ပြစ်မှုကျူးလွန်ပြီး တိမ်းရှောင်နေသူ ဇော်ဇော်မျိုး(ခ)ဇော်မျိုး၊ (၂၅)နှစ် ကို ကြည်မြင်တိုင်မြို့နယ်အတွင်းမှ ဖမ်းဆီးရမိခဲ့ပြီး တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့ပြီး အမှုဖြင့် တိမ်းရှောင်နေသူ ၂ ဦးကို တရားခံပြေးအဖြစ်ကြေငြာခဲ့ခြင်းဖြစ်သေည်။

ထို့နောက် ဇွန်၁ ရက်နေ့တွင် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်ပြီး တရားခံပြေးအဖြစ်ကြေငြာထားခြင်းခံရသူ ဂျီပု(ခ) မြင့်စန်းကို ဆက်လက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။