သွယ်တန်းထားသည့် မီးကြိုးများဖြတ်တောက်ခိုးယူခဲ့သည်ဆိုသူ လူငယ် ၂ ဦးကို လှည့်ကင်းအဖွဲက ဖမ်းမိ

သွယ်တန်းထားသည့် မီးကြိုးများဖြတ်တောက်ခိုးယူခဲ့သည်ဆိုသူ လူငယ် ၂ ဦးကို လှည့်ကင်းအဖွဲက ဖမ်းမိ

မဟာအောင်မြေမြို့နယ်တွင် သွယ်တန်းထားသည့် မီးကြိုးများဖြတ်တောက်ခိုးယူခဲ့သည်ဆိုသူ လူငယ် ၂ ဦးကို လှည့်ကင်းအဖွဲ့က ဖမ်းဆီးရမိခဲ့ကြောင်း မဟာအောင်မြေမြို့မရဲစခန်းမှ ဇွန် ၈ ရက်နေ့က သိရ သည်။

ဇွန် ၇ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်၊ ရဲမွနေ် တာင်ရပ်ကွက်၊ ၅၈x၄၃ လမ်းထောင့်တွင် အသုံးပြုပြီးထားသည့် မီးကြိုးခွေများနှင့် ဆိုင်ကယ် တစ်စီးဖြင့် မသင်္ကာ ဖွယ်တွေရှိသူ ချမ်းမြသာစည်မြို့နယ်နေသူနှင့် သဲကို(ခ)ဇင်ကိုခန့် (၂၀ နှစ်)နှင့် ရန်နိုင် (၂၄ နှစ်) တို့ကို သက်ဆိုင်ရာက စစ်ဆေးခဲ့သည်။

၄င်းတို့ ၂ ဦးကို စစ်ဆေးချက်များအရ အဆိုပါ မီးကြိုးခွေများကို နံနက် ၃ နာရီအချိန်ခန့်က ၅၈ လမ်း၊ ၃၉ လမ်းမှ ၄၃ လမ်းထိ သွယ်တန်းထားသော လမ်းဘေးမီးကြိုးများ ဖြတ်တောက်ခိုးယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

သက်ဆိုင်ရာက ၄င်းတို့ခိုးယူခဲ့သည့် (၆)ဂိတ်ကြေးကြိုး ၂၂၅ ပေ (၁)ခွေ၊ (၆)ဂိတ်ကြေးကြိုး ၁၅၃ ပေ (၂)ခွေ၊ (၆)ဂိတ်ကြေးကြိုး ၂၈၈ ပေ (၁)ခွေ၊ (၆)ဂိတ်ကြေးကြိုး ၂၆၀ ပေ(၁)ခွေ၊ ကုဒ်တက်မီးကြိုး (ရာဘာအုပ်လျက်) ၂၀၆ ပေ (၁)ခွေ၊ တိုင်တက် ဖိနပ် ၁ ရံ၊ ရာဘာလက်ကိုင်ပလာယာ(၁)ခုနှင့် ကင်တာဆိုင်ကယ်တို့သိမ်းဆည်းကာအရေးယူပေးရန်တိုင်ကြားခဲ့သည်။

မဟာအောင်မြေမြို့မရဲစခန်း (ပ)၄၀၄/၁၈၊ ပြည်သူပိုင်ဥပဒေပုဒ်မ ၆(၁) အရ အမှုဖွင့် အရေးယူထား သည်။