မန္တလေး- ပုဂံ အစုန်ရထားစက်ခေါင်း လမ်းချော်တိမ်းစောင်းမှု မန္တလေးစက်ခေါင်းရုံကရိန်းအဖွဲ့ပြုပြင်နေ

မန္တလေး- ပုဂံ အစုန်ရထားစက်ခေါင်း လမ်းချော်တိမ်းစောင်းမှု မန္တလေးစက်ခေါင်းရုံကရိန်းအဖွဲ့ပြုပြင်နေ

မန္တလေး- ပုဂံ အစုန်ရထားစက်ခေါင်း လမ်းချော်တိမ်းစောင်းခဲ့မှု ဇွန် ၈ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း မြန်မာမီးရထားရမှသိရသည်။

ဇွန်လ ၇ ရက်နေ့ ည ၈ နာရီ ၁၅ အချိန်ခန်ခန့်က ပုဂံဘူတာမှ မန္တလေးသို့ ခရီးသည်များတင် ဆောင်ထွက်ခွာလာသည့်အမှတ်၁၂၀အစုန်ရထားစက်ခေါင်းအမှတ်DD962လမ်းသည်သစ်ထောင့်ဘူတာနှင့်ပုလင်းဘူတာကြား မိုင်တိုင်အမှတ်၃၉၉/၂၄နှင့်၄၀ဝ/၂ကြား လှည်းလမ်းကူး သဲဖုံးမှုဖြစ်၍ ချော်ကာ ၄၅ဒီဂရီတိမ်း စောင်းသွားခဲ့ကြောင်းသိရသည်။

အဆိုပါစက်ခေါင်းကိုပြန်လည်တင်ရန်လက်ထောက်အင်ဂျင်နီယာဦးဆောင်လိုက်ပါသည့်မန္တလေးစက်ခေါင်းရုံကရိန်းအဖွဲ့သည် နံနက်၆နာရီခွဲ အချိန်ခန့် အဆိုပါနေရာသို့ သွားရောက်ကာ ပြန်လည်တည့်မတ်ဆောင်ရွက်နေကြောင်းသိရသည်။