ကျောင်းနေကိုရင်ကို ဓမ္မတာနှင့်ဆန့်ကျင်ခဲ့သည်ဆိုသည့်ရဟန်းတစ်ပါးကို အမှုဖွင့်အရေးယူ

ကျောင်းနေကိုရင်ကို ဓမ္မတာနှင့်ဆန့်ကျင်ခဲ့သည်ဆိုသည့်ရဟန်းတစ်ပါးကို အမှုဖွင့်အရေးယူ

ထောက်ကြန့်မြို့နယ်တွင် ကျောင်းနေကိုရင်ကို ဓမ္မတာနှင့်ဆန့်ကျင်ခဲ့သည်ဆိုသည့် ရဟန်းတစ်ပါးကို အမှုဖွင့်အရေးယူခဲ့ကြောင်း ထောက်ကြန့်မြို့မရဲစခန်းမှသိရသည်။

ဇွန် ၇ ရက်နေ့ ည ၈ နာရီ ၂၀ အချိန်ခန့်တွင် မှော်ဘီမြို့နယ်နေ အသက် ၅၂ နှစ်အရွယ် အမျိုးသမီးက သက်ဆိုင်ရာသို့တိုင်ကြားရာတွင် အသက် ၁၀ နှစ်အရွယ် သားဖြစ်သူ ကိုရင် ကို လွန်ခဲ့သော ၂ လခန့်မှ စတင်ကာ ထောက်ကြန့်မြို့နယ် တိုးချဲ ၃ ရပ်ကွက် ရွှေကျီးသာဘုန်းတော်ကြီးကျောင်း ဝိဇာလင်္ကာရ ကျောင်းဆောင်တွင် ရဟန်းတစ်ပါး ဦးနန္ဒိယ လူအမည် ဦးဝင်းဘို(ခ)မလှိုင်(၅၈ နှစ်)နှင့် နေထိုင်ကာ ဘုန်းတော်ကြီးကျောင်းတွင် စတုတ္တတန်းပညာကိုသင်ကြားစေခဲ့သည်။

ဇွန် ၆ ရက်နေ့ က သားဖြစ်သူကိုရင်ထံသို့ သွားစဉ် ကျောင်းပြောင်းချင်ကြောင်းပြောဆိုသဖြင့် မေးမြန်း ခဲ့ရာ ဇွန် ၁ ရက်နေ့ နံနက် ၅ နာရီ အချိန်ခန့်ကရဟန်းတစ်ပါးနှင့်အတူအိပ်နေစဉ် ဓမ္မတာနှင့် ဆန့်ကျင် ကာ ကာမဆက်ဆံခဲ့ကြောင်း၊ ဇွန် ၂ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်က လည်း ထပ်မံပြုမူခဲ့ ကြောင်းပြောပြသိရှိရသဖြင့် သက်ဆိုင်ရာသို့တိုင်ကြားခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့်ထောက်ကြန့်နယ်မြေရဲစခန်းက (ပ)၅၉၅/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၇ အရ အမှုဖွင့်အရေးယူခဲ့ပြီး ထောက်ကြန့် ရပ်ကျေးသံဃာနာယကဥက္ကဌဆရာတော် ထံတွင် သိက္ခာချ လူဝတ်လဲကာ ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း ရဲစခန်းမှတ်တမ်းအရသိရသည်။