မြိတ်- ထားဝယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိတွင် ခရီးသည်တင်ယာဉ်နှင့် ဟော်ဒိုင်း မှန်လုံယာဉ် ငယ် တိုက်မိမှုဖြစ်ပွားခဲ့ပြီး လူ ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရုဏာနာရေး ကူညီမှုအသင်း (မြိတ်) မှသိရသည်။
ဇွန် ၈ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်တွင် မြိတ်- ထားဝယ် ပြည်ထောင်စု လမ်းမကြီးပေါ်ရှိ ပပြင်ကျေးရွာ အနီး ရှောင်ကွင်လမ်းတွင် ရွှေဝယ်ရတနာခရီးသည်တင်ယာဉ်နှင့် မှန်လုံကားနှင့် မြိတ်ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် အောင်ကောင်းစံ ခရီးသည်တင် မှန်လုံ ယာဉ်တိုက်မိခဲ့ခြင်းဖြစ်ကြောင်းယာဉ်တိုက်မှုဖြစ်စဉ်ကို သွားရောက်ကူညီခဲ့သည့် ကရုဏာနာရေး ကူညီမှုအသင်း (မြိတ်) မှအဖွဲ့ဝင်တစ်ဦးကပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်တွင် ဒဏ်ရာရှိသူ ၈ ဦးခန့်ရှိပြီး သေဆုံးသူမရှိခဲ့ကြောင်း ဒဏ်ရာရရှိသူများကို မြိတ်ပြည်သူ့ဆေးရုံကြီးသို့ ကရုဏာနာရေး ကူညီမှုအသင်း (မြိတ်) မှ ပို့ဆောင်ပေးခဲ့ကြောင်း ပပြင်ကျေးရွာ ကျေးရွာ၏ အုပ်ချုပ်ရေးမှူး ဦးစောဦးထံမှသိရသည်။
ယာဉ်တိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာက အမှုဖွင့် အရေးယူထားကြောင်းသိရသည်။

















