သီရိလင်္ကာနိုင်ငံ၌ ဖေ့စ်ဘွတ်ခ်မှတစ်ဆင့်လှုံ့ဆော်မှုများကြောင့် မွတ်စလင်မုန်းတီးရေးအဓိကရုဏ်းများ ပိုမိုအရှိန်မြင့်ခဲ့မှု သုံးလခန့် ကြာမြင့်ပြီးနောက် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီသည် သီရိလင်္ကာ၏ ဒေသိယဘာသာစကားများရှိ လှုံ့ဆော်မှုပါဝင်သောစကားများကို ရှာဖွေ ဖော်ထုတ်ဖြုတ်ချနိုင်ရေးအတွက် ဝန်ထမ်းများကို သင်တန်းပို့ချပေးရန် စီစဉ်နေကြောင်းသိရသည်။
ဗုဒ္ဓဘာသာအစွန်းရောက်များက ဖေ့စ် ဘွတ်ခ်မှတစ်ဆင့် အမုန်းတရားပါဝင်သော လှုံ့ဆော်မှုများကိုပြုလုပ်ခဲ့ပြီးနောက် သီရိလင်္ကာ အာဏာပိုင်များသည် မတ်လတွင် ဖေ့စ်ဘွတ်ခ် ကိုပိတ်ပင်ခဲ့သည်။ အဓိကရုဏ်းများကြောင့် လူသုံးဦးသေဆုံးပြီး ဗလီ၊ နေအိမ်နှင့် စီးပွား ရေးလုပ်ငန်းများစွာ မီးရှို့ဖျက်ဆီးခံခဲ့ရသည်။ တစ်ပတ်ကြာပိတ်ဆို့မှုများအတွင်း ဖေ့စ်ဘွတ်ခ်ရှိ အမုန်းတရားပါသော အကြောင်းအရာများကို ဖြုတ်ချပေးရန် တောင်းဆိုမှုများရှိခဲ့သော်လည်း ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက တစ်စုံတစ်ရာလုပ်ဆောင် ပေးခြင်းမရှိခဲ့ချေ။
ကြီးထွား
အမှားကျူးလွန်ခဲ့ပြီး တုံ့ပြန်ရန်နှောင့်နှေး ခဲ့ကြောင်း ဖေ့စ်ဘွတ်ခ်၏ပြောခွင့်ရှိသူ အမ်ရစ် အာဟူဂျာက ပြောဆိုခဲ့သည်။ သီရိလင်္ကာရှိ လူဦးရေအများဆုံးမျိုးနွယ်က ပြောဆိုသည့် ဆင်ဟာလာဘာသာစကားကို ကျွမ်းကျင်သည့် ဖေ့စ်ဘွတ်ခ်ဝန်ထမ်းရှားပါးမှုကြောင့်လည်း ပြဿနာများပိုမိုကြီးထွားလာခဲ့ခြင်းဖြစ်သည်။ ဖေ့စ်ဘွတ်ခ်သည် ဆင်ဟာလာဘာသာစကား တတ်ကျွမ်းသူများကို ပိုမိုငှားရမ်းမည်ဖြစ် ကြောင်း အာဟူဂျာက ပြောဆိုခဲ့သည်။
ဖေ့စ်ဘွတ်ခ်၏ အဓိကပြဿနာမှာ ဆင် ဟာလာဘာသာစကားကျွမ်းကျင်သူများကို ခန့်ထားမှုမပြုခြင်းဖြစ်ကြောင်း သီရိလင်္ကာ ဆက်သွယ်ရေးဝန်ကြီး ဟာရင်ဖာနန်ဒိုကပြော ဆိုခဲ့သည်။ ဒေသိယဘာသာစကားများကြား အဓိပ္ပာယ် ကွာဟမှုများကြောင့်လည်း ပြဿနာ များ ပိုမိုဆိုးရွားလာခဲ့သည်။ သီရိလင်္ကာ၌ ရုံးသုံးဘာသာစကားတစ်ခုဖြစ်သည့် တမီးလ် ဘာသာ၌ ညီအစ်ကိုဆိုသည့်စကားလုံးသည် ဆင်ဟာလာ၌ စော်ကားသောစကားလုံးဖြစ်နေပြန်သည်။
သီရိလင်္ကာနိုင်ငံသားသုံးဦးလျှင် တစ်ဦး သည် ဖေ့စ်ဘွတ်ခ်အသုံးပြုနေသည်။ အကြမ်း ဖက်မှုများ အရှိန်မြင့်မသွားစေရန် နောက်ဆုံး အနေဖြင့် ဖေ့စ်ဘွတ်ခ်ကို ပိတ်ပင်ခဲ့ရခြင်းဖြစ် ကြောင်း ဖာနန်ဒိုက ပြောဆိုခဲ့သည်။ ဖေ့စ် ဘွတ်ခ်အသုံးပြုသူများစွာသည် ဖေ့စ်ဘွတ်ခ်သို့ တိုင်ကြားမှုထောင်ပေါင်းများစွာကို ပြုလုပ်ခဲ့ သော်လည်း တစ်စုံတစ်ရာတုံ့ပြန်မခံခဲ့ရကြောင်း ဖာနန်ဒိုက ပြောဆိုခဲ့သည်။

















