ကာကွယ်ရေးနှင့် လုံခြုံရေးအသုံးစရိတ်အတွက် ဒေါ်လာ ၁၀ ဘီလီယံ ထိုင်းစစ်အစိုးရတောင်းဆို

ကာကွယ်ရေးနှင့် လုံခြုံရေးအသုံးစရိတ်အတွက် ဒေါ်လာ ၁၀ ဘီလီယံ ထိုင်းစစ်အစိုးရတောင်းဆို

ကာကွယ်ရေးနှင့် လုံခြုံရေးအသုံးစရိတ် အတွက် ဒေါ်လာ ၁၀ ဘီလီယံလိုအပ်ကြောင်း ထိုင်းစစ်အစိုးရက ၎င်းတို့ရွေးချယ်ခန့်အပ် ထားသူများပါဝင်သည့် အမျိုးသားညီလာခံသို့ ဇွန် ၇ ရက်က တင်ပြတောင်းဆိုလိုက်ပြီဖြစ် သည်။

တိုးမြှင့်

ယခုဝန်ကြီးဖြစ်နေသည့် စစ်ဦးစီးချုပ် ဟောင်း ပရာယွတ်ချန်အိုချာက အရပ်သား အစိုးရထံကို ဖြုတ်ချအာဏာသိမ်းခဲ့သည့် ၂၀၁၄ ခုနှစ်မှစပြီး စစ်ရေးအသုံးစရိတ်တိုးမြင့် လာခဲ့သည်။ ယခင်ထိုင်းဗိုလ်ချုပ်များသည် အာဏာသိမ်းပြီးနောက်ပိုင်း ယင်းကဲ့သို့စစ်ရေး အသုံးစရိတ်ကို တိုးမြှင့်ခဲ့စမြဲဖြစ်သည်။ ၂၀၁၉ ခုနှစ်ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေး အသုံးစရိတ်အဖြစ် ဒေါ်လာခုနစ်ဘီလီယံကို လိုအပ်ကြောင်း စစ်အစိုးရကတောင်းဆိုခဲ့ သည်။ စစ်တပ်ကအာဏာသိမ်းခဲ့သည့် လွန်ခဲ့ သောလေးနှစ်မှစပြီး ဒေါ်လာတစ်ဘီလီယံ တိုးမြင့်လာခြင်းဖြစ်သည်။

ထို့ပြင် ခြိမ်းခြောက်မှုသစ်များကိုတန်ပြန် ပြီး ပြည်တွင်းငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြား ရေးကို ထိန်းသိမ်းကာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုများ၊ ဆိုင်ဘာတိုက်ခိုက်မှုများနှင့် ထိုင်းဘုရင်စနစ်ကိုကာကွယ်ရန်တို့အတွက် နောက်ထပ် ဒေါ်လာသုံးဘီလီယံလည်းလိုအပ် သေးကြောင်း စစ်အစိုးရက ပြောဆိုခဲ့သည်။ အသုံးစရိတ်သစ်ကို ယမန်နှစ်ကချမှတ်ခဲ့ပြီး လာမည့်အစိုးရအဆက်ဆက် မလိုက်နာမနေရ လိုက်နာရအောင် ဥပဒေဖြင့်ပြုလုပ်ထားသည့် နှစ် ၂၀ အမျိုးသားမဟာဗျူဟာစီမံကိန်း၏တစ်စိတ်တစ်ပိုင်းဖြစ်သည်။

သုံးသပ်

လာမည့်ဖေဖော်ဝါရီတွင် ရွေးကောက်ပွဲကျင်းပပေးမည်ဖြစ်ကြောင်း ပရာယွတ်ကပြော ဆိုခဲ့သည်။ အသုံးစရိတ်သစ်ဖြင့် လာမည့် ရွေးကောက်ပွဲ၌ပါဝင်မည့် စစ်တပ်၏ထောက် ခံမှုရသော နိုင်ငံရေးပါတီအတွက် အသုံးပြု နိုင်ခြေရှိနေကြောင်း နာရဲဆွန်တက္ကသိုလ်မှ ထိုင်းနိုင်ငံရေးကျွမ်းကျင်သူ ပေါချိမ်ဘာစ်က သုံးသပ်ပြောဆိုခဲ့သည်။