ပရီတိုးရီးယား ဇွန် ၉
တောင်အာဖရိကရှိ ဘီယာကုမ္ပဏီတစ်ခုသည် ၎င်းတို့ထုတ်လုပ်သော ဘီယာအမျိုးအစားများအား အမည်ပေးရာတွင် ကျားမလိင်ခွဲခြားမှုပြုလုပ်ကာ အမည်ပေးခဲ့မှုကြောင့် ဝေဖန်ပြစ်တင်ခံခဲ့ရပြီးနောက် အများပြည်သူကို တောင်းပန်ခဲ့ရသည်။
Vale Bru ကုမ္ပဏီသည် ဘီယာများအား ညစ်ပတ်တဲ့ ဆံနက်မ၊ အညှာလွယ်တဲ့ ရွှေရောင်ဆံပင်ပိုင်ရှင်မလေးနှင့် ရွှေရင်ထွားတဲ့ ဆံနီမ အစရှိသည့် အမည်များပေးကာ ကြော်ငြာခဲ့သည်။ အညှာလွယ်တဲ့ ရွှေရောင်ဆံပင်ပိုင်ရှင်မလေး အမည်ရှိ ဘီယာကို ကြော်ငြာရာတွင် ခင်ဗျားသူငယ်ချင်းအားလုံး သူ့ကိုရပြီးကြပြီ ဟုပင် နောက်ဆက်တွဲကြော်ငြာခဲ့သေးသည်။
ရိုင်းစိုင်းပြီး လိင်ခွဲခြားမှုများရှိနေကြောင်း ဝေဖန်ခံခဲ့ရပြီးနောက် Vale Bru က ဘီယာအမည်များကို ဖယ်ရှားမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်။
ညစ်ပတ်တဲ့ ဆံနက်မ ဘီယာကိုကြော်ငြာတွင် စိမ့်ပြီးအရသာရှိတာကို တစ်ခုခုကိုဖော်ပြရာမှာ သုံးသည်ဆိုတာကို သိကြကြောင်းပင် အဓိပ္ပါယ်တစ်မျိုးပေါက်အောင် ကြော်ငြာခဲ့သည်။ Vale Bru သည် လိင်ခွဲခြားမှု၊ အမျိုးသမီးများအပေါ် မုန်းတီးစိတ်ဖြင့် ကြော်ငြာခဲ့သည့်အတွက် အရှက်ရသင့်ကြောင်း နာမည်ကျော် ဘီယာဝေဖန်ရေးသမားတစ်ဦးဖြစ်သည့် သန်ဒီဂွီဟာမဲကပြောဆိုခဲ့သည်။
ဂျိုဟန်နစ္စဘာ့အခြေစိုက် Vale Bru က ယင်းအချိန်မှစပြီး အင်စတာဂရမ်လူမှုကွန်ရက်၌ တောင်းပန်စာတစ်ခုကိုတင်ခဲ့သည်။ စိတ်မသက်မသာရအောင် လုပ်ဆောင်ရန် ရည်ရွယ်ချက်အောင်မြင်ခဲ့သော်လည်း အမျိုးသမီးများကို နှိမ့်ချရန် အစီအစဉ်မရှိခဲ့ကြောင်း တောင်းပန်စာတွင် ဖော်ပြထားသည်။
အမျိုးသမီးများအား နှိမ့်ချပြီး လိင်ပိုင်းအရ သားပြောမယားပြော ပြောဆိုသည့် ဓလေ့ကို ဆန့်ကျင်ရမည်ဖြစ်ပြီး အမျိုးသမီးများအား လိင်သဘောပါသည့် ဝေဖန်မှုများပြုလုပ်ခြင်းသည် လူ့အဖွဲ့အစည်းရှိ တကယ့်ပြဿနာဖြစ်ကြောင်း ဂွီလာမဲကပြောဆိုခဲ့သည်။
လိင်ကိစ္စနှင့်ဆက်စပ်ပြီး ပြောဆိုပါက ရောင်းကောင်းမည်ဖြစ်သော်လည်း ကုမ္ပဏီ၏ကြော်ငြာသည် သိက္ခာရှိသော လိင်မှုသဘောပင်ပါဝင်ကြောင်း တောင်အာဖရိကဘလော်ဂါတစ်ဦးဖြစ်သည့် လူစီကွန်းကပြောဆိုခဲ့သည်။ ကုမ္ပဏီရှိ တာဝန်ရှိသူများသည် နှမချင်းကိုယ်ချင်းစာသင့်ကြောင်း ကွန်းက ဆက်လက်ပြောဆိုခဲ့သည်။

















