ထရမ့်နဲ့ကင်တွေ့ဆုံပွဲမှာကင့်အတွက် စရိတ်ဘယ်သူခံမှာလဲ
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန် တို့ လာမယ့်ဇွန် ၁၂ ရက် စင်ကာပူမှာ ပထမ ဆုံးအကြိမ်တွေ့ဆုံဖို့တော့ ကျိန်းသေခဲ့ပါပြီ။ ဒါပေမဲ့ ဆန်တိုစာကျွန်းက ကာပဲလာဟိုတယ်မှာ ကျင်းပမယ့် ထိပ်သီးတွေ့ဆုံပွဲကို တက်ရောက် လာမယ့် ကင်ဂျုံအွန်အတွက် ကုန်ကျစရိတ် ဘယ်သူပေးမှာလဲဆိုတဲ့ မေးခွန်းပေါ်ထွက်ခဲ့ ပါတယ်။
အမေရိကန်ကမကထပြုမှုနဲ့ ကုလသမဂ္ဂ ရဲ့ အပြင်းထန်ဆုံးပိတ်ဆို့မှုဒဏ်ခံစားနေရတဲ့ မြောက်ကိုရီးယားမှာ စီးပွားရေးအကျပ်ဆိုက် နေပြီး ပြုံချမ်းမှာကျင်းပခဲ့တဲ့ ဆောင်းရာသီ အိုလံပစ်ပွဲတော်မှာ ပါဝင်ဆင်နွှဲခဲ့တုန်းကလည်း မြောက်ကိုရီးယားအတွက် ကုန်ကျစရိတ်ကို တောင်ကိုရီးယားက တာဝန်ယူခဲ့တာမို့ ဒီလို မေးခွန်းထွက်လာခဲ့တာပါ။ အမေရိကန်အနေနဲ့ တော့ ကင်ဂျုံအွန်အတွက် ကုန်ကျစရိတ်ကို တာဝန်ယူဖို့မရှိသလို တခြားနိုင်ငံတွေက ကျခံ ပေးဖို့လည်း မေတ္တာရပ်ခံထားတာမရှိဘူးလို့ အိမ်ဖြူတော်က ပြောဆိုခဲ့ပါတယ်။
ထိပ်သီးတွေ့ဆုံပွဲကို ကာပဲလာဟိုတယ်မှာ ကျင်းပပေမယ့် သမ္မတထရမ့်က ရှန်ဂရီလာဟိုတယ်မှာတည်းမှာဖြစ်ပြီး ကင်ဂျုံအွန်နဲ့အဖွဲ့ ကတော့ ဖူလာတန်ဟိုတယ်မှာ တည်းခိုဖို့စီစဉ် ထားတယ်လို့ သတင်းတွေပေါ်ထွက်ခဲ့ပါတယ်။ ဖူလာတန်ဟိုတယ်ဟာ တစ်ညတည်းခိုခ ဒေါ် လာ ၁၆၀ဝ ကျသင့်မယ့် ကြယ်ငါးပွင့်အဆင့်ရ ဟိုတယ်ပါ။ နောက်တော့ ထိပ်သီးတွေ့ဆုံပွဲ ကုန်ကျစရိတ်တချို့တစ်ဝက်ကို အိမ်ရှင်စင်ကာပူ အစိုးရက ကျခံပေးမယ်လို့လည်း သိရပါတယ်။ ဒါ့အပြင် နိုဘယ်ဆုရ နျူကလီးယားဖျက်သိမ်း ရေး နိုင်ငံတကာလှုပ်ရှားမှုအဖွဲ့ (အိုင်ကန်)ကလည်း သူတို့ရထားတဲ့ဆုကြေးနဲ့ ကိုရီးယား ကျွန်းဆွယ် နျူကလီးယားကင်းရှင်းရေးကို ထောက်ပံ့တဲ့အနေနဲ့ ထိပ်သီးတွေ့ဆုံပွဲကုန်ကျ စရိတ်ကို တာဝန်ယူမယ်လို့ ကမ်းလှမ်းထား ကြောင်း သိရပါတယ်။
နိုင်ငံခြားက အထောက်အပံ့ကြောင့်ဘာသာရေးဆရာတွေ ပိတ်ပင်ခံရ
နိုင်ငံရေးအစ္စလာမ်လှုပ်ရှားမှုကို နှိမ်နင်း တဲ့အနေနဲ့ တူရကီရဲ့ ငွေကြေးထောက်ပံ့မှုကို လက်ခံတဲ့ ဘာသာရေးဆရာ အီမမ် ၆၀ နဲ့ မိသားစုဝင်တွေကို နိုင်ငံတွင်းကနှင်ထုတ်ပြီး ဗလီခုနစ်ခုကို ပိတ်ပင်မယ်လို့ သြစတြီးယား အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
တူရကီဘာသာရေးဌာန ဒီယာနက်ရဲ့ဌာန ခွဲတစ်ခုဖြစ်တဲ့ တူရကီ-အစ္စလာမ်ယဉ်ကျေးမှု အသင်းများ(အေတီအိုင်ဘီ)နဲ့ ပတ်သက်မှု ရှိတဲ့ အီမမ်တွေဖြစ်တယ်လို့ သြစတြီးယား ပြည်ထဲရေးဝန်ကြီး ဟားဘတ်ကစ်ကယ်က ပြောဆိုခဲ့ပါတယ်။ ဘာသာရေးနယ်ပယ်မှာ ရာထူးရာခံရရှိထားသူတွေ နိုင်ငံခြားအထောက် အပံ့မခံရဘူးလို့ ပိတ်ပင်ထားတာကို အဲဒီအီမမ် တွေကချိုးဖောက်ခဲ့တယ်လို့ အစိုးရက သံသယ ရှိနေပါတယ်။ အီမမ် ၄၀ လောက်ကတော့ သြစတြီးယားမှာ ဆက်လက်နေထိုင်ခွင့်ပေးဖို့ တောင်းဆိုထားပြီး သူတို့ရဲ့ကိစ္စကို လူဝင်မှု ကြီးကြပ်ရေးကိုလွှဲပြောင်းပေးလိုက်ပြီလို့ ဝန်ကြီး ဌာနက ဆိုပါတယ်။
မိသားစုဝင်တွေကိုပါ ထည့်တွက်မယ်ဆိုရင် လူ ၁၅၀ လောက် သြစတြီးယားမှာ နေထိုင် ခွင့်ရုပ်သိမ်းခံရမှာဖြစ်တယ်လို့ ကစ်ကယ်က ဗီယင်နာမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဆိုပါတယ်။ တူရကီအစိုးရကတော့ ဒါကိုမကျေ နပ်ပါဘူး။ ဗလီခုနစ်ခုကိုပိတ်သိမ်းပြီး အီမမ် တွေကိုနှင်ထုတ်တယ်ဆိုတာ အစ္စလာမ်ဆန့်ကျင်ရေးလုပ်လိုက်တာပါပဲလို့ တူရကီသမ္မတ ရဲ့ ပြောခွင့်ရှိသူ အီဘာရာဟင်ကာလင်က ပြောဆိုခဲ့ပါတယ်။
တူရကီရဲ့ငွေကြေးထောက်ပံ့မှုကိုရယူထား တဲ့ ဗလီထဲမှာ ကလေးတွေဟာ ပထမကမ္ဘာ စစ်တုန်းက ဂယ်လီပိုလီစစ်ပွဲမှာ လူတွေသေ ဆုံးခဲ့သလိုမျိုး သရုပ်ပြမှုတွေလုပ်နေတာကို ရိုက်ကူးထားတဲ့ဓာတ်ပုံတွေ ထွက်ပေါ်လာပြီး နောက်မှာ သြစတြီးယားဘာသာရေးဌာနက စုံစမ်းစစ်ဆေးမှုတွေလုပ်ခဲ့ပါတယ်။ စစ်ဝတ်စုံ ဝတ်ဆင်ထားပြီး တူရကီအလံတွေကိုင်ကာ ချီတက်နေတဲ့ လူငယ်လေးတွေဟာ သေချင် ယောင်ဆောင်ပြီး သရုပ်ဆောင်ပြတာကိုရိုက် ကူးထားတဲ့ဓာတ်ပုံတွေကို သြစတြီးယားမီဒီယာ တစ်ခုက ဖော်ပြခဲ့တာဖြစ်ပါတယ်။ ပိတ်ပင်ခံ ရတဲ့ဗလီတွေအနက်တစ်ခုမှာ ဗီယင်နာက ဖာဖိုရိတ်နအရပ်မှာရှိပါတယ်။ အဲဒီဗလီဟာ တရားမဝင်လည်ပတ်နေပြီး မီးခိုးရောင်ဝံပုလွေ လို့အမည်ရတဲ့ တူရကီနိုင်ငံရေးလှုပ်ရှားမှု တစ်ခုရဲ့ သြဇာသက်ရောက်ခြင်းခံခဲ့ရတယ်လို့ အစိုးရက ဆိုပါတယ်။ ဗီယင်နာမှာရှိတဲ့ အခြား ဗလီသုံးလုံး၊ သြစတြီးယားမြောက်ပိုင်းက အပ်ပါ သြစတြီးယားမှာရှိတဲ့ဗလီနှစ်လုံးနဲ့ ကာရင်သီး ယားမှာရှိတဲ့ဗလီတစ်လုံးတို့ပါဝင်ပါတယ်။
လွတ်လပ်လွန်းတော့ အပြောဆိုခံရ
အိန္ဒိယရုပ်ရှင်လုပ်ငန်း ဘောလီးဝုဒ်က မကြာသေးမီမှာ ထွက်ရှိခဲ့တဲ့ Veere Di Wedding ဆိုတဲ့ရုပ်ရှင်မှာ အမျိုးသမီးလေး ဦးဟာ အရက်တွေသောက်၊ အယုတ္တ အနတ္တ တွေပြောဆိုပြီး လိင်မှုသဘောကိုလည်း လွတ် လပ်စွာခံစားပြတဲ့ ဇာတ်ဝင်ခန်းတွေပါဝင်တာ ကြောင့် လူမှုမီဒီယာမှာ ဝေဖန်ပြောဆိုမှုတွေ ရှိနေပါတယ်။
ရုပ်ရှင်ဟာ ဒေလီတောင်ပိုင်းက လူချမ်း သာရပ်ကွက်မှာ ဇာတ်အိမ်တည်ထားပါတယ်။ ကျောင်းနေဖက်မိန်းကလေးတချို့ဟာ အမျိုး သားအပေါ်မှီခိုစရာမလိုတဲ့ လွတ်လပ်တဲ့အမျိုး သမီးတွေအဖြစ်ကြီးပြင်းလာတာကို အဓိက ထားပြသထားပါတယ်။ အခင်ဆုံးသူငယ်ချင်း လေးဦးနဲ့ တလွဲတချော်ဖြစ်သွားတဲ့ မင်္ဂလာပွဲ တစ်ခုအကြောင်းပါ။
အဲဒီသူငယ်ချင်းလေးဦးဟာ လွတ်လွတ် လပ်လပ်ကြီးကို ဆဲဆိုပါတယ်။ အရက်တွေကို လည်း သောက်ပါတယ်။ ပြီးတော့ ခဏတာ လိင်သာယာမှုကို ရှာကြံပါတယ်။ ပြီးတော့ အိန္ဒိယရိုးရာဓလေ့တွေဖြစ်တဲ့ မိဘတွေက စီစဉ်ပေးတဲ့ လက်ထပ်မှု၊ ကိုယ်အလေးချိန် များလာတဲ့ပြဿနာ၊ မိဘတွေ၊ သူငယ်ချင်းတွေ ရဲ့ ဝေဖန်ပြောဆိုမှု၊ ငွေကြေးများစွာအကုန် အကျခံပြီး လက်ထပ်မင်္ဂလာဆောင်တာ၊ ကိုယ့် မိသားစုရဲ့ခင်ပွန်းနဲ့ မိသားစုတို့လက်ခံမှုကို ရဖို့ အပြင်းအထန်ကြိုးပမ်းရတာတွေကို ဝေဖန် ထားပါတယ်။
ဒီရုပ်ရှင်နဲ့ပတ်သက်ပြီး လူမှုမီဒီယာမှာ အမြင်တွေကွဲပြားနေပါတယ်။ မိန်းကလေးချင်း ရင်းနှီးပြီး တိုးတိုးဖော်ဖြစ်တာကို တလွဲဖော်ပြ ခဲ့တာဖြစ်တယ်လို့ တချို့ကဝေဖန်ကြပါတယ်။ ရုပ်ရှင်ကို နှစ်သက်သူတချို့တောင် အမျိုးသမီး တွေရဲ့ လိင်မှုသဘာဝကို တလွဲဖော်ပြခဲ့တယ်လို့ ဝေဖန်ကြပါတယ်။ ရုပ်ရှင်ဟာ ဒီနှစ်မှာ လူကြည့် အများဆုံးစာရင်းဝင်သွားတဲ့အတွက် ထုတ်လုပ် သူတွေနဲ့ ဒါရိုက်တာရှာရှန်ကာဂို့ရှ်တို့ကတော့ ကျေနပ်နေပါတယ်။
အိုင်စီစီက လွှတ်ပေးတဲ့စစ်ရာဇဝတ်တရားခံ
ကွန်ဂိုဒုတိယသမ္မတဟောင်း ယာန်း-ပရီ ဘမ်ဘာကို ဗဟိုအာဖရိကပြည်သူ့သမ္မတနိုင်ငံ (စီအေအာရ်)မှာကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု တွေအတွက် ထောင်ဒဏ် ၁၈ နှစ်ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ကို နိုင်ငံတကာရာဇဝတ်ခုံရုံးက တရားသူကြီးတွေကဖျက်သိမ်းပြီး ဘမ်ဘာကို လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်ပါပြီ။
ဗဟိုအာဖရိကပြည်သူ့သမ္မတနိုင်ငံမှာ သူ့တပ်တွေက ကျူးလွန်ခဲ့တဲ့ပြစ်မှုအတွက် ဘမ်ဘာမှာတာဝန်မရှိလို့ သည်ဟေ့ဂ်အခြေ စိုက်နိုင်ငံတကာရာဇဝတ်ခုံရုံးက တရားသူကြီး ခရစ္စတင်းဗန်ဒန်ဝိ်ုင်ဂေ့က ဆုံးဖြတ်ခဲ့ပါတယ်။ အသက် ၅၅ နှစ်အရွယ် ဘမ်ဘာကိုထောက်ခံ သူတွေကတော့ တရားရုံးပြင်ပမှာ အောင်ပွဲ ခံခဲ့ကြပါတယ်။ အိမ်နီးချင်း စီအေအာရ်မှာ ငါးလကြာတိုက်ခိုက်မှုအတွင်း ဘမ်ဘာရဲ့ တပ်တွေက လူသားမျိုးနွယ်အပေါ် ရာဇဝတ် မှုတွေ ကျူးလွန်ခဲ့တာဖြစ်ပြီး အဲဒီအမှုတွေ အတွက် ဘမ်ဘာမှာတာဝန်ရှိတယ်လို့ ၂၀၁၆ ခုနှစ်မှာ နိုင်ငံတကာရာဇဝတ်ခုံရုံးတရားသူကြီး တွေက ဆုံးဖြတ်ခဲ့ပါတယ်။
စီအေအာရ်မှာ အဲဒီအချိန်က သမ္မတအန့် ဖီးလစ်ပါတာဆေကို အာဏာသိမ် ချေ့ဇ်နဲ့ ဆ နေ နဲ့ ပါလီမန်ထဲဥပဒေပြုရာမှာတော့ လွယ်က မဟုတ်ပါဘူး။ ဒါပေမဲ့ နောက်လာမယ့်ရွေး ကောက်ပွဲမှာ မဲဆန္ဒရှင်တွေရဲ့ထောက်ခံမှုရရှိ လာအောင် ဆန်းချေ့ဇ်အနေနဲ့ လက်တွေ့ကြိုး စားပြခွင့်တော့ရရှိသွားပြီဖြစ်ကြောင်းပါ။
သီရိလင်္ကာမှာလည်းပြဿနာတက်ခဲ့တဲ့ဖေ့စ်ဘွတ်ခ်
သီရိလင်္ကာမှာလည်း ဖေ့စ်ဘွတ်ခ်ကတစ် ဆင့် မုန်းတီးရေးလှုံ့ဆော်မှုတွေကြောင့် မွတ် စလင်ဆန့်ကျင်ရေးအဓိကရုဏ်းတွေ ပိုပြီးအရှိန် မြင့်ခဲ့တာ သုံးလလောက် ကြာခဲ့တဲ့နောက်မှာ တော့ ဖေ့စ်ဘွတ်ခ်ကုမ္ပဏီဟာ သီရိလင်္ကာရဲ့ ဒေသိယဘာသာစကားတွေမှာရှိတဲ့ အမုန်းစိတ် လှုံ့ဆော်မှုပါတဲ့စကားလုံးတွေကို ရှာဖွေဖော် ထုတ်ဖြုတ်ချနိုင်ဖို့ ဝန်ထမ်းတွေကို သင်တန်း ပေးဖို့စီစဉ်ခဲ့ပါတယ်။
ဗုဒ္ဓဘာသာအစွန်းရောက်တွေက ဖေ့စ် ဘွတ်ခ်ကတစ်ဆင့် အမုန်းတရားပါဝင်တဲ့ လှုံ့ဆော်မှုတွေပြုလုပ်ခဲ့တဲ့နောက် သီရိလင်္ကာ အာဏာပိုင်တွေဟာ မတ်လမှာ ဖေ့စ်ဘွတ်ခ်ကို ပိတ်ပင်ခဲ့ပါတယ်။ အဓိကရုဏ်းတွေကြောင့် လူသုံးဦးသေဆုံးပြီး ဗလီ၊ နေအိမ်နဲ့ စီးပွားရေး လုပ်ငန်းအတော်များများ မီးရှို့ဖျက်ဆီးခံခဲ့ရ ပါတယ်။ ဖေ့စ်ဘွတ်ခ်ကို တစ်ပတ်ကြာပိတ် ထားခဲ့ပြီး အဲဒီအချိန်မှာ အမုန်းတရားပါတဲ့ အကြောင်းအရာတွေကိုဖြုတ်ချပေးဖို့ တောင်း ဆိုမှုတွေရှိခဲ့ပေမယ့် ဖေ့စ်ဘွတ်ခ်ကုမ္ပဏီက လုပ်မပေးခဲ့ဘူးလို့ ဆိုပါတယ်။
သီရိလင်္ကာမှာရှိတဲ့ လူဦးရေအများဆုံး မျိုးနွယ်က ပြောဆိုတဲ့ ဆင်ဟာလီဘာသာ စကားကိုကျွမ်းကျင်တဲ့ ဖေ့စ်ဘွတ်ခ်ဝန်ထမ်း ရှားပါးတာကြောင့်လည်း ပြဿနာတွေပိုကြီး ထွားလာခဲ့တာပါ။ နောက်တော့ ဖေ့စ်ဘွတ်ခ် က ဆင်ဟာလီဘာသာစကားတတ်ကျွမ်းသူ တွေကို ပိုမိုငှားရမ်းမယ်လို့ ပြောလာခဲ့ပါတယ်။


















