ပြည်မြို့တွင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများကိုဖမ်းဆီး

ပြည်မြို့တွင် မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများကိုဖမ်းဆီး

ပြည်မြို့ ရွှေတံခါးရပ်ကွက်အတွင်း မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူများကို သက်ဆိုင်ရာက မူးယစ်ပုဒ်မများဖြင့် ဖမ်းဆီးအရေးယူထားကြောင်း ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက် အရသိရသည်။ 

ဇွန် ၁ဝ ရက် ညနေ ၆ နာရီခွဲအချိန် ပြည်မြို့နယ် ရွှေတံခါးရပ်ကွက်နေ သော်ကြီး(ခ) သော်ဇင် အောင်၏ နေအိမ်တွင် မူးယစ်ဆေးဝါးများ လက်ဝယ်ထားရှိကာ ဖြန့်ဖြူးရောင်း ချနေကြောင်း သတင်းအရ ပြည်ခရိုင်မှုခင်းနှိမ်နင်းရေးဌာနစုမှ ဒုရဲအုပ်လှမင်း၊ မူးယစ်တပ်ဖွဲ့စု (၃၇ )မှ တပ်ဖွဲ့ ဝင်များ ပါဝင်သည့် မူးယစ်တပ်ဖွဲ့ဝင်များက ဝင်ရောက်ရှာဖွေခဲ့သည်။ 
၄င်းနေအိမ်တွင်း လွင်မြတ်သူ၊ နိုင်းဝေယံ၊ ထွန်းမင်းဦး၊ မျိုးကိုကိုအောင်၊ မဖြိုးသဇင်ထက်တို့အား ဝိုင်းဖွဲ့ထိုင်နေသည်ကို တွေ့ရှိခဲ့သည်။ 
နေအိမ်အတွင်းဆက်လက်စစ်ဆေးရာ သော်ကြီး(ခ) သော်ဇင်အောင် (၂၄)နှစ်၊ ပြည်မြို့ ထံမှ ပန်းရောင်စိတ်ကြွ ဆေးပြား (၁၀၈)ပြား၊ အစိမ်းရောင် စိတ်ကြွဆေးပြား (၂) ပြား၊ လွင်မြတ်သူ (၂၆)နှစ်၊ ရွှေတောင်မြို့ ထံမှ ပန်းရောင်စိတ်ကြွဆေးပြား (၁၉၄)ပြား၊ အစိမ်းရောင် စိတ်ကြွဆေးပြား (၂) ပြား၊ နိုင်းဝေယံ (၂၂)နှစ်၊ ပြည်မြို့ ထံမှ ပန်းရောင်စိတ်ကြွဆေးပြား (၁)ပြားတို့ကို တွေ့ရှိခဲ့သည်။ ၄င်းတို့ ဝိုင်းဖွဲ့ထိုင်နေသည့် ကြမ်းပြင်ပေါ်မှ ပန်းရောင်စိတ်ကြွဆေးပြား (၃၃၄၉)ပြား၊ အစိမ်းရောင် စိတ်ကြွဆေးပြား (၃၄) ပြား၊ စုစုပေါင်း စိတ်ကြွဆေးပြား (၃၆၉၀) ပြား(ကာလတန်ဘိုး ၁၈၄၅၀ဝ၀ဝကျပ်)၊ ဘဏ်ငွေစုစာအုပ် (၂)အုပ်၊ ငွေစက္ကူရောရာ (၁၁၅၆၀ဝကျပ်) တို့အား တွေ့ရှိသိမ်း ဆည်းရမိခဲ့သောကြောင့် အမှုဖွင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။ 
ပြည်အမှတ်(၃) နယ်မြေရဲစခန်း မယ(ပ)၂/၁၈၊ မူး/စိတ်ဥပဒေ ၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။