ပင်လိမ်အရှေ့ကျေးရွာမှ ရှေးဟောင်းကြေးဆင်းတုတော် ၁၀ ဆူ ခိုးယူခံရ

ပင်လိမ်အရှေ့ကျေးရွာမှ ရှေးဟောင်းကြေးဆင်းတုတော် ၁၀ ဆူ ခိုးယူခံရ

ပြင်ဦးလွင်မြို့နယ်၊ ပင်လိမ်အရှေ့ကျေးရွာ ရွှေလမင်းဘုန်းတော်ကြီးကျောင်းအတွင်း ပူဇော်ထားရှိ သည့် ရှေးဟောင်းဆင်းတုတော် ၁၀ ဆူပျောက်ဆုံးမှုကို ပြင်ဦးလွင်မြို့မရဲစခန်းက ဇွန် ၁၀ ရက်က အမှုဖွင့် အရေးယူထားသည်။
 

 မေ ၃ ရက်တွင် ပြင်ဦးလွင်မြို့ ပင်လိမ်အရှေ့ကျေးရွာ ရွှေလမင်းဘုန်းတော်ကြီးကျောင်း အရှေ့ မြောက်ဖက်ရှိ တောင်ကုန်းနှင့် ညောင်ပင်အား ရှင်းလင်းစဉ် စေတီဟောင်းနှင့် ဌာပနာ တိုက်ကို တွေ့ရှိခဲ့ရပြီး ၄င်းဌာပနာတိုက်အတွင်းမှ ရှေးဟောင်းဆင်းတုတော်မျိုးစုံ (၁၃၅)ဆူကိုတွေ့ရှိခဲ့သည်။ ၄င်းရှေးဟောင်းကြေးဆင်းတုတော်များကို ဘုန်းတော်ကြီးကျောင်းအပေါ်ထပ်ရှိ ဘုရားခန်း၌ ကိန်းဝပ် အပူဇော်ခံ ထားရှိခဲ့ပြီး ဇွန် ၈ ရက်က သန့်ရှင်းရေးဆောင်ရွက်ရန် သွားရောက်စဉ် ဆင်းတုတော် (၁၃၅)ဆူအနက် (၁၀)ဆူ ပျောက်ဆုံးနေသည်ကို ဂေါပကအဖွဲ့ကသိရှိခဲ့ပြီး သက်ဆိုင်ရာသို့ တိုင်ကြား ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 ပိတ်ချင်းမြောင်ရဲကင်းစခန်းမှ (ပ)၅၃/၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၈၀/ ၂၉၅(က) အရ အမှုဖွင့် အရေး ယူထားသည်။