ဂျပန်ကမ်းလွန်၌ အမေရိကန် အက်ဖ် ၁၅ တစ်စင်းပျက်ကျ၊ လေယာဉ်မှူးခုန်ထွက်နိုင်ခဲ့ပြီး ဂျပန်တပ်က ကယ်ဆယ်နိုင်ခဲ့

ဂျပန်ကမ်းလွန်၌ အမေရိကန် အက်ဖ် ၁၅ တစ်စင်းပျက်ကျ၊ လေယာဉ်မှူးခုန်ထွက်နိုင်ခဲ့ပြီး ဂျပန်တပ်က ကယ်ဆယ်နိုင်ခဲ့

နာဟာ    ဇွန် ၁၁
    အမေရိကန်လေတပ်မှ အက်ဖ် ၁၅ စီ ဂျက်တိုက်လေယာဉ်တစ်စီး အိုကီနာဝါကမ်းလွန်၌ ဇွန် ၁၁ ရက်နံနက်က ပျက်ကျခဲ့ရာ လေယာဉ်မှူးခုန်ထွက်နိုင်ခဲ့ပြီး ၄င်းကို ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးလေတပ်က ကယ်ဆယ်နိုင်ခဲ့သည်။ 

ယင်းတိုက်လေယာဉ်ပေါ်၌ လေယာဉ်မှူးတစ်ဦးတည်းသာ ပါရှိခဲ့ခြင်းဖြစ်ပြီး ၄င်းသည် အသက်မသေသော်လည်း ခြေထောက်ကျိုးသွားခဲ့၍ အမေရိကန်ရေတပ်ဆေးရုံသို့ တင်ပို့ကုသထားကြောင်း ဂျပန်သတင်းများက ဖော်ပြခဲ့သည်။
    အိုကီနာဝါတွင် ၂၀၁၃ မေက အမေရိကန် အက်ဖ် ၁၅ တစ်စင်း ပျက်ကျခဲ့ဖူးပြီး ဖေဖော်ဝါရီတွင်လည်း အခြား အက်ဖ် ၁၅ တစ်စင်းမှ အစိတ်အပိုင်းတစ်ခု ပြုတ်ကျခဲ့ဖူးသည်။
    ဂျပန်နိုင်ငံတွင် အမေရိကန်စစ်သည်အင်အား ၅၀ဝ၀ဝ ခန့်ရှိသည့်အနက် ထက်ဝက်ကျော်သည် ဂျပန်တောင်ပိုင်း အိုကီနာဝါကျွန်းစုများတွင်  အခြေစိုက်သည်။ ရံဖန်ရံခါတွင် အမေရိကန်စစ်လေယာဉ်များ မတော်တဆ ဖြစ်ပွားမှုကြောင့် ထိခိုက်မည်ကို အိုကီနာဝါဒေသခံများ စိုးရိမ်ခဲ့ကြသည်။