ကင်နှင့် တွေ့ဆုံပြီးနောက် ထရမ့် မူလသတ်မှတ်ချိန်ထက်စောပြန်မည် နျူကလီးယားအရေးဆွေးနွေးမှု မျှော်လင့်သည်ထက် ပိုမိုမြန်ဆန်ဟုဆို

ကင်နှင့် တွေ့ဆုံပြီးနောက် ထရမ့် မူလသတ်မှတ်ချိန်ထက်စောပြန်မည် နျူကလီးယားအရေးဆွေးနွေးမှု မျှော်လင့်သည်ထက် ပိုမိုမြန်ဆန်ဟုဆို

သမ္မတဒေါ်နယ်ထရမ့်သည် ဇွန် ၁၂ ရက် (ယနေ့)တွင် ကင်ဂျုံအွန်နှင့်တွေ့ဆုံပြီးနောက် မူလသတ်မှတ်ချိန်ထက် စောစီးစွာ ပြန်လည် ထွက်ခွာမည်ဖြစ်ပြီး မြောက်ကိုရီးယားနှင့့် နျူ ကလီးယားအရေးဆွေးနွေးမှုမှာ မျှော်လင့် ထားသည်ထက် ပိုမိုမြန်ဆန်စွာ ဖြစ်ထွန်းနေ ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့သည်။

ထွက်ခွာရန်ဆုံးဖြတ်

သမ္မတထရမ့်သည် ဇွန် ၁၂ ရက်(ယနေ့)၌ ကင်ဂျုံအွန်နှင့်တွေဆုံဆွေးနွေးပြီးနောက် ဇွန် ၁၃ ရက်နံနက်ပိုင်းတွင် ဝါရှင်တန်သို့ ပြန် လည်ထွက်ခွာမည်ဖြစ်သည်။ ဇွန် ၁၂ ရက် မူလအချိန်ဇယားကို ပြောင်းလဲခဲ့ပြီး ကြိုတင် မျှော်မှန်းခဲ့သည်ထက် ၁၅ နာရီခန့်စောစီးစွာ ကင်ဂျုံအွန်နှင့် တစ်နေကုန်ဆွေးနွေးကာ ည ၈ နာရီတွင် ဆွေးနွေးရာမှ ပြန်လည်ထွက် ခွာရန် ဆုံးဖြတ်ထားကြောင်း အေပီက ဖော်ပြ ခဲ့သည်။

အမေရိကန်ပြည်ထောင်စုနှင့် မြောက်ကိုရီး ယားတို့အကြား ဆွေးနွေးမှုသည် မျှော်မှန်း သည်ထက် ပိုမိုလျင်မြန်စွာ ဖြစ်ထွန်းနေကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပြီး မည်သည့် ထူးခြားသည့်တိုးတက်မှု ရှိကြောင်းကိုမူ မကွဲပြား သေးပေ။ အိမ်ဖြူတော်ကြေညာချက် မထုတ် ပြန်မီ နာရီအနည်းငယ်အလိုတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက သမ္မတ ထရမ့်၏ တစ်ကြိမ်တည်းဖြင့် ဆွေးနွေးမှုအောင် မြင်လိုကြောင်း စောစောပိုင်းမျှော်လင့်ချက် လျော့နည်းဖွယ်ရှိကြောင်း စကားဦးသန်းခဲ့ သည်။

ယခုထိပ်သီးဆွေးနွေးပွဲက အနာဂတ်အောင်မြင်သည့်ဆွေးနွေးမှုများအတွက် အခြေ အနေတည်ဆောက်ပေးရန် မျှော်လင့်ကြောင်း ပွမ်ပီယိုက ဇွန် ၁၁ ရက် ညနေပိုင်းတွင် ပြော ဆိုခဲ့သည်။ ဇွန် ၁၂ ရက်၌ သမ္မတထရမ့်နှင့် ကင်ဂျုံအွန်တို့သည် ဦးစွာနှုတ်ဆက်ကြပြီး နောက် တစ်ဦးချင်း နှစ်နာရီခန့်ကြာအောင် ဆွေးနွေးနိုင်ကြောင်း၊ ထိုအချိန်တွင် စကား ပြန်များသာ ရှိနေမည်ဖြစ်ကြောင်း အေပီက ပြောသည်။

ပါဝင်ကြမည်

အိမ်ဖြူတော်ထုတ်ပြန်ချက်အရ တစ်နေ့ တာတွေ့ဆုံမှုအစီအစဉ်တွင် အလုပ်သဘော နေ့လယ်စာသုံးဆောင်ခြင်းနှင့် လက်ထောက် များပါဝင်သည့် စည်းဝေးပွဲများလည်း ပါဝင်ပြီး အမေရိကန်ဘက်မှ သမ္မတထရမ့်နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယို၊ အိမ်ဖြူတော် အရာရှိချုပ် ဂျွန်ကယ်လီ၊ အမျိုးသားလုံခြုံရေး အကြံပေး ဂျွန်ဘိုလ်တန်နှင့် ဖိလစ်ပိုင်နိုင်ငံ ဆိုင်ရာ အမေရိကန်သံအမတ် ဆွန်ကင်တို့ ပါဝင်မည်ဖြစ်သည်။

ထိပ်သီးတွေ့ဆုံပွဲအတွက် အပြီးသတ်ပြင် ဆင်မှုများကို နှစ်ဦးနှစ်ဖက်ညှိနှိုင်းကြပြီး နောက် နောက်ဆုံးမိနစ်တွင် အချိန်ဇယား ပြောင်းလဲခြင်းဖြစ်သည်။ ဇွန် ၁၁ ရက် တွေ့ ဆုံပွဲမှာ သမ္မတထရမ့်က ရလဒ်ကောင်းထွက် မည်ဟု မျှော်လင့်ကြောင်း ပြောဆိုခဲ့သည်။ ဇွန် ၁၁ ရက် ညပိုင်း၌ ကင်ဂျုံအွန်သည် မာရီ နာဘေးဟိုတယ်တွင် စင်ကာပူနိုင်ငံခြားရေး ဝန်ကြီး၊ ပညာရေးဝန်ကြီးတို့နှင့်အတူ စိတ် လက်ပေါ့ပါးစွာရှိနေသည့် ဓာတ်ပုံအချို့လည်း ပေါ်ထွက်ခဲ့ကြောင်း သိရသည်။