အီရတ်၌ ရွေးကောက်ပွဲမဲစာရင်းများသိမ်းထားသည့် ကုန်လှောင်ရုံမီးလောင်

အီရတ်၌ ရွေးကောက်ပွဲမဲစာရင်းများသိမ်းထားသည့် ကုန်လှောင်ရုံမီးလောင်

ဘဂ္ဂဒက် ဇွန် ၁၁

အီရတ်ရွေးကောက်ပွဲ မဲမသမာမှုများကြောင့် မဲများပြန်လည်ရေတွက်ပေးရန် တောင်းဆိုမှုများပေါ်ပေါက်နေချိန်တွင် ဘဂ္ဂဒက်မြို့၌ မဲစာရင်းစာရွက်များသိမ်းဆည်းထားသည့် အကြီးဆုံးကုန်လှောင်ရုံကြီး၌မီးလောင်မှုဖြစ်ပွားခဲ့သည်။

မြို့တော်ဘဂ္ဂဒက် အရှေ့ပိုင်းခရိုင် မဲစာရင်းစာရွက်များကို ထိုကုန်လှောင်ရုံတွင် သိမ်းဆည်းထားခြင်း ဖြစ်သည်။ မီးလောင်မှု ကြောင့် အချို့သော မဲစာရွက်ပုံးများ မီးထဲပါသွား သော်လည်း အများစုမှာ မီးဘေးမသင့်ခဲ့ကြောင်း ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူများက ပြောသည်။ ပြီးခဲ့သည့်လက ကျင်းပခဲ့သော ရွေးကောက်ပွဲ၌ ရှီးယိုက်မွတ်စလင်ဘာသာရေး ခေါင်းဆောင် မော့တာဒါဆတ်ဒ်ဦးဆောင်သော မဟာမိတ်ပါတီများက အနိုင်ရရှိခဲ့သည်။ 

ညွှန်ကြား

မဲမသမာမှု စွဲချက်အများအပြား ထွက်ပေါ် လာသဖြင့် မဲ ၁ဝ သန်းခန့်ကို ပြန်လည်ရေတွက် ရန် လွှတ်တော်ကñွှန်ကြားခဲ့သည်။ ကုန်လှောင် ရုံဝင်းအတွင်းရှိ ဂိုဒေါင်လေးလုံးအနက် တစ်လုံး ကို မီးလောင်ကျွမ်းခြင်းဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။ မီးသည် မတော်တဆမီးလား၊ ရှို့မီးလားကို အီရတ်တာဝန်ရှိသူများက ခွဲခြားသတ်မှတ် ထုတ်ပြန်ခြင်း မရှိသေးချေ။ 

စုဆောင်း

ရွေးကောက်ပွဲကာလအတွင်း မဲမသမာမှု အများအပြားကျူးလွန်ထားသည့် သက်သေ အချက်အလက်များကို ထောက်လှမ်းရေးတပ်ဖွဲ့က စုဆောင်းရရှိထားကြောင်း ဝန်ကြီးချုပ် ဟိုင်ဒါအယ်လ်အဘာဒီက ပြီးခဲ့သည့်ရက်ပိုင်း၌ ပြောကြားခဲ့သည်။ 

လွှမ်းမိုးခံရခြေရှိ

အီရတ် ရွေးကောက်ပွဲတွင် ယခုနှစ်၌ ပထမဆုံးအကြိမ်အဖြစ်  အသုံးပြုခဲ့သော ဒစ်ဂျစ်တယ် မဲရေတွက်စက်များသည်လည်း မဲမသမာမှုကျူးလွန်သူများ၏ လွှမ်းမိုးမှုကို ခံရနိုင်ခြေရှိကြောင်း ဝန်ကြီးချုပ် အယ်လ်အဘာဒီက ပြောဆိုသည်။ မီးလောင်ရခြင်းအကြောင်းရင်းကို အတိအကျ မစွပ်စွဲသော်လည်း မစ္စတာအဘာဒီက ထိုမီးလောင်မှုသည် နိုင်ငံနှင့် ဒီမိုကရေစီစနစ်ကိုပါ ခြိမ်းခြောက်မှုဖြစ် ကြောင်း မှတ်ချက်ပေးပြောကြားခဲ့သည်။ 
 

အရေးယူ

မီးလောင်မှုနှင့်ဆက်စပ်ပြီး နိုင်ငံ၏ လုံခြုံရေးကိုပါ ထိပါးခြယ်လှယ်ရန် ကြိုးပမ်း သူများကို အမြန်ဆုံး ဖော်ထုတ်အရေးယူသွား မည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။