မလေးရှားဝန်ကြီးချုပ် မဟာသီယာ အမေရိကန်၏ ကုန်သွယ်ရေးမူဝါဒကို  ဝေဖန်

မလေးရှားဝန်ကြီးချုပ် မဟာသီယာ အမေရိကန်၏ ကုန်သွယ်ရေးမူဝါဒကို  ဝေဖန်

မလေးရှားဝန်ကြီးချုပ် မဟာသီယာမိုဟာမက်က လွတ်လပ်စွာကုန်သွယ်ရေးကို ထောက်ခံကြောင်း၊ နိုင်ငံငယ်များအနေဖြင့် အမေရိကန်ကဲ့သို့ ပြောင်းလဲလာသည့် ကိုယ်ကျိုးကြည့်သူများကို ညီညွတ်စွာရင်ဆိုင်သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

တိုကျိုရှိ ကွန်ဖရင့်တစ်ရပ်တွင် ဇွန် ၁၁  ရက်က ယင်းသို့ပြောဆိုခဲ့ခြင်းဖြစ်ပြီး လွတ်လပ်စွာကုန်သွယ်မှုအုပ်စုသည် နိုင်ငံငယ်များကို အင်အားကြီးနိုင်ငံများနောက် အလွန်နောက်ကျ မကျန်ခဲ့ရန် ပံ့ပိုးလိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

မလေးရှား၏ တစ်ကျော့ပြန်ခေါင်းဆောင်၊ အသက် (၉၂) နှစ်ရှိပြီဖြစ်သည့် မဟာသီယာက မြောက်ကိုရီးယား၏ နျူကလီးယားကင်းစင်ရေးဦးတည်သည့် မကြာမီက အပြောင်းအလဲများကို သံသယမပွားကြရန်လည်း အခြားနိုင်ငံများကို တိုက်တွန်းခဲ့သည်။ 

မြောက်ကိုရီးယားသည် အမေရိကန်နှင့် ဆက်ဆံရေးတိုးတက်အောင် အားထုတ်နေပြီး နျူကလီးယားလက်နက်များစွန့်လွှတ်ခြင်းဖြင့် အရှေ့တောင်အာရှတွင် တင်းမာမှုလျော့ကျအောင် အကူအညီဖြစ်စေမည်ဟုလည်း မဟာသီယာက ပြောဆိုခဲ့သည်။