ကင်ဂျုံအွန် ကတိတည်မည်ဟု ယုံကြည်၊ ဒုတိယအကြိမ်တွေ့ဆုံလို၊ စစ်ရေးလေ့ကျင့်မှုများဆိုင်းငံ့ဟု ထရမ့်ဆိုခဲ့ပြီး ပြန်လည်ထွက်ခွာ

ကင်ဂျုံအွန် ကတိတည်မည်ဟု ယုံကြည်၊ ဒုတိယအကြိမ်တွေ့ဆုံလို၊ စစ်ရေးလေ့ကျင့်မှုများဆိုင်းငံ့ဟု ထရမ့်ဆိုခဲ့ပြီး ပြန်လည်ထွက်ခွာ

ကင်ဂျုံအွန်၏ ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေးဆောင်ရွက်မည်ဟူ သည့် ကတိကဝတ်တည်လိမ့်မည်ဟု ယုံကြည် ကြောင်း၊ ဆွေးနွေးမှုသည် မျှော်လင့်ခဲ့သည် ထက် ပိုမိုကောင်းမွန်ခဲ့ပြီး အနည်းဆုံး ၎င်း နှင့် ဒုတိယအကြိမ်တွေ့ဆုံရန် လိုအပ်ဖွယ်ရှိ ကြောင်း၊ ရန်စရာရောက်ပြီး အကုန်အကျများ သည့် စစ်ရေးလေ့ကျင့်မှုများ ဆိုင်းငံ့လိုက် ကြောင်း ပြောဆိုရင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် စင်ကာပူနိုင်ငံမှ ပြန် လည်ထွက်ခွာသွားခဲ့သည်။

သတင်းစာရှင်းလင်းပွဲ

ဇွန် ၁၂ ရက် ထရမ့်နှင့်ကင် ထိပ်သီး တွေ့ဆုံမှုအပြီး ရှည်ကြာသည့် သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတထရမ့်က ယင်းသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်က ကိုရီးယားကျွန်း ဆွယ် နျူကလီးယားကင်းစင်အောင် ဆောင် ရွက်မည်ဟု ကတိပြုခဲ့ခြင်းအပေါ် ၎င်းသည် ကောင်းစွာဆောင်ရွက်မည် အမှန်ပင် ယုံကြည် ကြောင်း ထရမ့်ကပြောခြင်းဖြစ်သည်။ အမေရိ ကန်ဘက်ကလည်း ကုန်ကျစရိတ်ကြီးမားပြီး ရန်စရာရောက်သည့် တောင်ကိုရီးယားနှင့် ပူးတွဲစစ်ရေး လေ့ကျင့်မှု အစီအစဉ်များကို လည်း ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း ထရမ့် က ပြောဆိုခဲ့သည်။

အချက်လေးချက်

ဇွန် ၁၂ ရက် စင်ကာပူ သမိုင်းဝင်တွေ့ဆုံ ပွဲတွင် သမ္မတထရမ့်နှင့် ကင်ဂျုံအွန်တို့သည် အချက်လေးချက်ပါ သဘောတူညီချက်တစ် ရပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။ ယင်း လေးချက်မှာ (၁) အမေရိကန်နှင့် မြောက် ကိုရီးယား နှစ်ဖက်ပြည်သူများ၏ ငြိမ်းချမ်း ရေးနှင့် ြွကယ်ဝချမ်းသာရေးအတွက် ဆက်ဆံ ရေးသစ် ထူထောင်ရန်၊ (၂) ကိုရီးယားကျွန်း ဆွယ်တွင် ကြာရှည်တည်တံ့ပြီး တည်ငြိမ်အေး ချမ်းသည့် အစိုးရတစ်ရပ် တည်ထောင်ရေး ပူးတွဲအားထုတ်ကြရန်၊ (၃) ၂၀၁၈ ဧပြီ ၂၇ ရက် ပန်မွန်ဂျုန် ကြေညာချက်အတိုင်း ကိုရီး ယားကျွန်းဆွယ် နျူကလီးယားအပြည့်အဝ ကင်းစင်ရေး မြောက်ကိုရီးယား၏ကတိကို ထပ်လောင်းအာမခံရန်၊ (၄) စစ်အတွင်း ပျောက်ဆုံးခဲ့သူများနှင့် စစ်သုံ့ပန်းများ၏ ြွကင်း ကျန်ရုပ်အလောင်းများ ပြန်လည်ရှာဖွေရေး ဆောင်ရွက်ရန်တို့ဖြစ်သည်။

သဘောတူညီချက်အရ ကင်ဂျုံအွန်က ကိုရီးယားကျွန်းဆွယ်၌ နျူကလီးယား လုံးဝ ကင်းစင်ရေး ခိုင်မာသည့် ကတိကဝတ အား ထပ်လောင်းအာမခံခဲ့ပြီး သမ္မတထရမ့်က လည်း မြောက်ကိုရီးယားနိုင်ငံအတွက် လုံခြုံ ရေးအာမခံချက်ပေးရန် ကတိပြုခဲ့သည်။

ထရမ့်က မြောက်ကိုရီးယားသည် နျူကလီး ယားလက်နက်အစုအဝေးကို ပိုင်ဆိုင်ထားပြီး ထိပ်သီးတွေ့ဆုံမှုသည် လွန်ခဲ့သည့်ငါးနှစ်ကပင် ဖြစ်သင့်ခဲ့ကြောင်းလည်း သတင်းစာရှင်းလင်း ပွဲ၌ ပြောဆိုခဲ့သည်။ ကင်ဂျုံအွန်ကို သင့်လျော် သည့်အချိန်တွင် အိမ်ဖြူတော်သို့ ဖိတ်ကြား မည်ဖြစ်ပြီး ၎င်းသည်လည်း ပြုံယမ်းသို့ သွား ရောက်ရန် ဖြစ်နိုင်ခြေရှိကြောင်း ထရမ့်က ပြောဆိုခဲ့ကြောင်း သိရသည်။

နှစ်ဖက်ညှိနှိုင်းမှုများအရ တွေ့ဆုံပွဲ အစီ အစဉ်များကို အချိန်ရှေ့တိုးပြုလုပ်ခဲ့၍ သတင်း စာရှင်းလင်းပွဲ ပြီးသည့်နောက် ညနေပိုင်းတွင် သမ္မတထရမ့်သည် ၎င်း၏ အဲဖို့စ်ဝမ်းလေယာဉ် ဖြင့် စင်ကာပူနိုင်ငံမှ ဦးစွာ ပြန်လည်ထွက်ခွာ သွားခဲ့သည်။ ညပိုင်းတွင် ကင်ဂျုံအွန်သည် လည်း ပြန်လည်ထွက်ခွာခဲ့ပြီဖြစ်သည်။