ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် မဟုတ်မမှန်ဖော်ပြခဲ့သူကို ဆက်သွယ် ရေးဥပဒေဖြင့် အမှုဖွင့်

ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ လူမှုကွန်ရက်တွင် မဟုတ်မမှန်ဖော်ပြခဲ့သူကို ဆက်သွယ် ရေးဥပဒေဖြင့် အမှုဖွင့်

ရခိုင်ပြည်နယ်ကိစ္စနှင့်ပတ်သက်၍ ပြည်သူလူထု အထင်အမြင်လွဲမှားစေရန်နှင့် ပြည်နယ်အစိုးရအဖွဲ့၊ လုံခြုံရေးအဖွဲ့အစည်းများ၏ ဂုဏ်သိက္ခာကျဆင်းစေရန် ရည်ရွယ်ပြီး မဟုတ်မမှန်သတင်းများအား ဓာတ်ပုံနှင့်တကွ ရေးသားကာ လူမှုကွန်ရက်တွင် ဖော်ပြခဲ့သည်ဆိုသူကို ဆက်သွယ်ရေးဥပဒေပုဒ်မဖြင့် ဇွန် ၁၂ ရက်က အမှုဖွင့်အရေးယူထားကြောင်း မြောက်ဦးမြို့မရဲစခန်းမှ သိရသည်။ 

ဇွန် ၁၀ ရက်က လူမှုကွန်ရက်စာမျက်နှာပေါ်တွင် “Breaking New မောင်တောည ၁၀ ၁၅ အချိန် မောင်တောအနည်းဆုံး (၁၀)ဦး သေဆုံး၊ ကုလားအကြမ်းဖက်သမားများ ကျီးကန်ပြင်အနီး လာရောက်တိုက်ခိုက်သည့်အတွက် အပြန်အလှန်ပစ်ခတ်သံများဆူညံနေ -----၊ လတ်တလောသိရှိမှုအရ အနည်းဆုံး(၁၀)ဦးသေဆုံး၊ အကြောင်းစုံ ထပ်မံတင်ပြပါမည်”၊     “မောင်တော အင်းဒင်စခန်းကို အကြမ်းဖက်သမားများလာရောက်ပစ်ခတ်၊ အနည်းဆုံးရဲတပ်ဖွဲ့ဝင်(၄)ဦးသေဆုံး ”၊ “ရည်းစားနဲ့ရန်ဖြစ်လို့တင်ချင်တာတင်တယ်၊ အကောင့်ဖျက်တော့မှာမို့ အမှတ်တရပေါ့”ဟု စသည်ဖြင့် ရေးသားကာမဟုတ်မမှန်သတင်းများကို ဓာတ်ပုံနှင့်တကွ Myat Thu Tun Account မှ ရေးသားလွှင့်တင်ခဲ့သည်။ 
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မြောက်ဦးမြို့မရဲစခန်းမှူး ဒုရဲမှူးအောင်သူရနှင့်အဖွဲ့က စုံစမ်းခဲ့ရာ အကောင့်ပိုင်ရှင်မှာ မြောက်ဦးမြို့၊ လက်ကောက်ဈေးရပ်ကွက်နေ ဖိုးသီဟ (ခ)မြတ်သူထွန်း(၃၄)နှစ်ဖြစ်ကြောင်း သိရှိရသဖြင့် ဇွန် ၁၁ ရက် ညနေ ၃ နာရီအချိန်ခန့်တွင် မြောက်ဦးမြို့မရဲစခန်းက (ပ)၉၂/၁၈၊ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၈(က)အရ အမှုဖွင့်ဖမ်းဆီးအရေးယူခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး