အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်၌ လောင်စာဆီနှင့်ကျောက်မီးသွေးစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံ ရှစ်ရုံကိုပိတ်သိမ်းလိုက်ခြင်းနှင့် စက်ရုံများနားတွင်နေထိုင်သည့် အမျိုးသမီးများ လမစေ့ဘဲကလေးမွေးမှုနှုန်းကျဆင်းခြင်းတို့ကြား ဆက်စပ်နေကြောင်း ဘာကီလီရှိ ကယ်လီဖိုးနီးယားတက္ကသိုလ် အများပြည်သူကျန်းမာရေးဌာန လေ့လာမှုတစ်ခု၌ဖော်ပြထားသည်။
လောင်စာဆီစွမ်းအင်သုံး ဓာတ်အားပေး စက်ရုံခြောက်ရုံနှင့် ကျောက်မီးသွေးစွမ်းအင် သုံးဓာတ်အားပေးစက်ရုံနှစ်ရုံတို့ ပိတ်ပစ်မှုနှင့် ဆက်စပ်၍ လေ့လာမှုကိုပြုလုပ်ခဲ့ခြင်းဖြစ် သည်။ ၂၀ဝ၁ မှ ၂၀၁၁ ခုနှစ်ကြား စုဆောင်းခဲ့ သည့် သတင်းအချက်အလက်များအရ စက်ရုံ များပိတ်သိမ်းပြီးနောက် လမစေ့ဘဲ ကလေး မွေးဖွားသည့် အမျိုးသမီးဦးရေသည် ၇ ရာခိုင် နှုန်းမှ ၅ ဒသမ ၁ ရာခိုင်နှုန်းအထိ လျော့ကျ ခဲ့ကြောင်း တွေ့ရှိခဲ့သည်။
သေးငယ်
လောင်စာဆီနှင့် ကျောက်မီးသွေးတို့ကို မီးရှို့အပူပေးရာမှ ပတ်ဝန်းကျင်ညစ်ညမ်းစေသော အမှုများထွက်လာပြီး ယင်းအမှုများ အနက် တချို့သည် အဆုတ်နှင့်သွေးကြောများ ထဲသို့ ဝင်ရောက်နိုင်လောက်အောင် သေးငယ် သည်။ ထို့ပြင် ယင်းလောင်စာများကို မီးရှို့ အပူပေးမှုကြောင့် ဆာလ်ဖာဒိုင်အောက်ဆိုက် နှင့် နိုက်ထရိုဂျင်အောက်ဆိုက်ဓာတ်ငွေ့များထွက်ရှိရုံသာမက ပြဒါး၊ ခဲအပါအဝင် အန္တရာယ် ရှိစေသော ပစ္စည်းများလေထဲသို့ ရောက်ရှိခဲ့ သည်။
စက်ရုံများမှထွက်သည့် ညစ်ညမ်းမှုန်များ က ကိုယ်ဝန်ဆောင်အမျိုးသမီးများအပေါ် မည်မျှသက်ရောက်မှုရှိသည်ကို သိရှိရန်အတွက် သုတေသနပညာရှင်များသည် စက်ရုံများ မပိတ်မီနှစ်နှစ်နှင့် စက်ရုံများပိတ်ပြီး တစ်နှစ် အကြာအထိ ရရှိသော လေထုအခြေအနေ ဆိုင်ရာ သတင်းအချက်အလက်များကို လေ့လာ သုံးသပ်ခဲ့သည်။ ထို့ပြင် စက်ရုံများမှ ၁၂ ဒသမ ၄ မိုင်ဝန်းကျင်တွင်နေထိုင်သည့် အမျိုး သမီးများ၏ကလေးမွေးဖွားမှု ၅၇၀ဝ၀ ဆိုင်ရာ သတင်းအချက်အလက်များကိုလည်း သုံးသပ် ခဲ့သည်။
ပုံမှန်ကိုယ်ဝန်ဆောင်မှုကာလသည် ရက် သတ္တ ၃၉ ပတ်မှ ရက်သတ္တပတ် ၄၀ အထိ ကြာမြင့်သောကြောင့် ၃၇ ပတ်မတိုင်မီ ကလေး မွေးခြင်းကို လမစေ့ဘဲမွေးခြင်းဟု သတ်မှတ် ထားသည်။ ယခုလေ့လာသည့် ကိုယ်ဝန်ဆောင် များအနက် ၆ ရာခိုင်နှုန်းသည် လမစေ့ဘဲ မွေးဖွားခဲ့သည်။

















