အိမ်အကူအမျိုးသမီးငယ်များကို ညှင်းပန်းနှိပ်စက်ခဲ့သည့်အိမ်ရှင်အမျိုသမီးကို အရေးယူရန် စစ်ဆေး နေ

အိမ်အကူအမျိုးသမီးငယ်များကို ညှင်းပန်းနှိပ်စက်ခဲ့သည့်အိမ်ရှင်အမျိုသမီးကို အရေးယူရန် စစ်ဆေး နေ

မင်္ဂလာတောင်ညွန့်မြို့နယ်တွင်အိမ်အကူအမျိုးသမီးငယ်ကိုကြိမ်လုံး/ခါးပတ်ဖြင့်ရိုက်ခြင်း၊ရေနွေးပူ/ဆီပူတို့ဖြင့်ပက်ခဲ့သည်ဆိုသူအိမ်ရှင်အမျိုးသမီးကို သက်ဆိုင်ရာကဥပဒေနှင့်အညီအရေးယူရန်ဆောင်ရွက်လျက်ရှိကြောင်း ဇွန် ၁၃ ရက်နေ့က ရဲတပ်ဖွဲ့ကထုတ်ပြန်သည်။

ဇွန်လ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် မင်္ဂလာတောင်ညွန့်မြို့နယ်၊သပြေကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင်အိမ်အကူလုပ်ကိုင်နေရာမှထွက်ပြေးလာသူအမျိုးသမီးငယ်နှင့် ၄င်း၏ မိခင်တို့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်ရောက်ရှိနေကြောင်းသတင်းအရမင်္ဂလာတောင်ညွန့်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကျော်ထူး နှင့်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှဒုဦးစီးမှူးဒေါ်ခင်မေတင့်တို့အဖွဲ့က သွားရောက်မေး မြန်းခဲ့သည်။

စုံစမ်းချက်အရ ဒလမြို့နယ်၊ကျန်စစ်သားရပ်ကွက်နေ အသက်(၁၄)နှစ်အရွယ်မိန်းကလေးငယ်ဖြစ်ပြီး အသက် ၁၂ အရွယ် ညီမဖြစ်သူနှင့်အတူ သပြေကုန်းရပ်ကွက်နေ ဦးဖုန်းနိုင်(၄၃)နှစ်၏နေအိမ်၌ အိမ်အကူအဖြစ်အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်းညီမဖြစ်သူကိုဦးဖုန်းနိုင်၏ဇနီးဖြစ်သူဒေါ်တင်ဇာမြင့် (၃၁)နှစ်က ရိုက်နှက်ညှင်းဆဲသဖြင့် မမေသင်္ကြန်မှာ ထွက်ပြေးခဲ့ပြီး ၎င်း၏မိခင်ဒေါ်မို့မို့ရွှေနှင့်အတူ သပြေကုန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့အကြောင်းကြားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

မေလအတွင်းကလည်း၄င်းကို အိမ်လုပ်ငန်းများ လုပ်ကိုင်ရာတွင် အမှားအယွင်းများရှိပါက ဒေါ်တင်ဇာမြင့်မှကြိမ်လုံး/ခါးပတ်ဖြင့်ရိုက်ခြင်း၊ရေနွေးပူ/ဆီပူတို့ဖြင့်ပက်ခဲ့ခြင်းကြောင့်ပေါင်နှစ်ဖက်၊နောက်ကျော၊ယာဘက်ပုခုံးတို့တွင်ညိုမဲဒဏ်ရာများရရှိခဲ့သောကြောင့် ဥပဒေနှင့်အညီအရေးယူဆောင် ရွက်နိုင်ရန် ရဲတပ်ဖွဲ့က စီစဉ်ဆောင်ရွက်လျက်ရှိသည်။