ကမာရွတ်မြိုနယ်တွင် တရုတ်နိုင်ငံသားတစ်ဦး နေအိမ်တိုက်ခန်းအတွင်း သေဆုံးခဲ့သည်ဆိုမှုကို သက် ဆိုင် ရာက အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ဇွန် ၁၃ ရက်နေ့တွင် ကမာရွတ်မြို့မရဲစခန်း မှသိရ သည်။
ဇွန်လ ၁၁ ရက်နေ့ ည ၁၀ နာရီ ၄၅ မိနစ်အချိန် ကမာရွတ်မြို့နယ်၊ (၈)ရပ်ကွက်ရှိ ဒိုင်းမွန်း ကွန်ဒိုတာဝါ နေ တရုတ်နိုင်ငံသား Mr.Su Biao Feng(၆၄)နှစ်သည် ၎င်းနေ ထိုင်ရာ တိုက်ခန်းမီးဖို ဆောင်ဝ ရန်တာ၌မှောက်လျက်သတိလစ်မေ့မျောနေသည်ကိုအတူနေစကားပြန်အေးပိုင်(၂၇)နှစ်မှတွေ့ရှိ၍ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်စဉ်သေဆုံးသွားခဲ့သည်။
သေဆုံးသူမှာ စီးပွားရေးဗီဇာဖြင့် မြန်မာနိုင်ငံအတွင်းဝင်ရောက်နေထိုင်သူဖြစ်ကြောင်း သက်ဆိုင်ရာက ထုတ်ပြန်ချက်အရသိရပြီး ဆေးစာပြန်ကြားချက်အရ အသဲအဆီဖုံး၊ အဆုတ်၊ ကျောက်ကပ် ပျက်စီးမှု ကြောင့် သေဆုံးရခြင်း ဖြစ်ကြောင်းသိရသည်။
ဆေးစာပြန်ကြားချက်အရသိရသည်။
ကမာရွတ်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ်(၁၀/၁၈)ဖြင့်အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။
















