ရန်ကုန်မြစ်အတွင်း သမ္မာန်တိမ်းမှောက် ခရီးသည်လေးဦးပျောက်ဆုံးနေ

ရန်ကုန်မြစ်အတွင်း သမ္မာန်တိမ်းမှောက် ခရီးသည်လေးဦးပျောက်ဆုံးနေ

ရန်ကုန်မြစ်အတွင်း သမ္ဗန်တစ်စင်း တိမ်းမှောက်မှုဖြစ်ပွားကာ ခရီးသည်လေးဦးပျောက်ဆုံးမှု ဇွန် ၁၃ ရက်နေ့ ညပိုင်းကဖြစ်ပွားခဲ့သည်။

ဇွန် ၁၃ ရက်နေ့ ည ၈ နာရီ အချိန်ခန့်တွင် ဆိပ်ကမ်းမြို့နယ် စဉ့်အိုးတန်းဆိပ်ကမ်း မှ ဒလမြို့ဘက်သို့ ကမာကသွယ် သမ္ဗန်ဆိပ်ဘက်သို့ သမ္ဗာန်မောင်းသူ အပါအဝင် ခရီးသည် ၁၂ ဦး လိုက်ပါလာသည့် စက် သမ္ဗာန်သည် ရေလယ်အရောက်စက်ပျက်သွားပြီး မျောပါသွားပြီး ဒလကမ်းအနီးအရောက် ကုန်ပစ္စည်းတင်စီဘီတွဲဖြင့်ကန်လန့်ခံ ၂ ကြိမ်တိုက်မိခဲ့ပြီး ဒုတိယအကြိမ်တွင် တိမ်းမှောက် နစ်မြုပ်ခဲ့ ကြောင်းသိရသည်။

“စက်ပျက်လို့မျောနေတဲ့ အချိန်မှာ သမ္မာန်သမားကို ခရီးသည်တွေကလှော်တက်နဲ့ ခက်ခိုင်းတော့ လှော်တက်ကလည်းတစ်ချောင်းဘဲပါတယ်။ စက်လှေတိုက်တော့ သမ္ဗန်မောင်းတဲ့သူရေထဲ ခုန်ဆင်း သွားတယ်လို့ ဆယ်လို့ရတဲ့သူတွေက ပြော တယ်။ လူ ၈ ယောက်ပြန်တွေ့တယ်အဲဒီထဲက ၃ ယောက် ကို ရန်ကုန်ဆေးရုံကြီး ကိုပို့လိုက်ရ တယ်။ ည ၁၁ နာရီ အထိ ရှာတာ လူ ၄ ယောက်ပျောက်နေတယ်" ဓမ္မပါလ လူမှုကူမှုကူညီရေးအဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

" မြစ်ကို ကန့်လန့်ဖြတ်ကူးတဲ့ ကူးတို့လှေတွေက အခုနောက်ပိုင်း စက်တွေကို သုံးလာတော့ လက်ခက် လှော်တက်တွေမပါတာများတယ်။ ခရီးသည်တွေကလည်း ခဏဆိုပြီး သက်ကယ်အကျီတွေ မဝတ်ကြဘူး။ သက်ကယ်အကျီတွေကလည်းလူပေါင်းစုံဝတ်တာဆိုတော့မဝတ်ချင်တာလည်း ပါ တယ်။ သန့်ရှင်း မှုလည်းအားနည်းတယ်။ စက်မော်တာတွေ ဒိုက်ပတ်ပြီး မော်တာရပ်ရင်ဘာမှ လုပ်မရ ဘူးလက်ခက်ပါမှ အဆင်ပြေမှာ။ ညအချိန်သွားလာရင် ပွိုင့်မီးတွေတပ်ထားတာမတွေ့ရဘူး။ ပွိုင့်မီးပါ မှ သင်္ဘောကြီးတွေက တွေ့ရမှာ။ အခုလိုမျောသွားတဲ့ အချိန်မှာ ပွိုင့်မီးသာပါခဲ့ရင် တိုက်ချင်မှ တိုက်မှာ။ ခရီးသည်တွေရဲ့ ဘေးအန္တရယ်ကင်းရှင်းရေးကိုဂရုစိုက်သင့်တယ်" ဟု လမ်းမတော်မြို့ နယ်နေ ရေယာဉ်တွဲပိုင်ရှင် ဦးမျိုးအောင်ကပြောသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာ စက်တပ်သမ္မာန်မောင်းနှင်သူ ကျော်မင်း ၄၄ နှစ်ကို ဆိပ်ကမ်းမြို့နယ် ရဲစခန်းက ပ/၁၃၀/၁၈ ရာဇသတ်ကြီးပုဒ်မ ၂၈၀/ ၃၃၇ အမှုဖွင့်အရေးယူထားသည်။ .. •