ယူဂိုဆလားဗီးယား ပြိုကွဲပြီးနောက် ဖြစ်ပေါ်လာသည့် မက်ဆီဒိုးနီးယားနိုင်ငံ၏ နာမည်ကို ဂရိနိုင်ငံကလက်မခံဘဲ အငြင်းပွားနေကြသည်မှာ ၂၇ နှစ်ကြာခဲ့ပြီးနောက်တွင် ဘုံသဘောတူညီနိုင်သည့် နာမည်တစ်ခုရွေးချယ်နိုင်ခဲ့ကြပြီဖြစ်သည်။
၂၇ နှစ်ကြာအငြင်းပွားမှု၊ ကန့်ကွက်ဆန္ဒ ပြမှုများနောက်တွင် မြောက်ပိုင်းမက်ဆီဒိုးနီး ယား ပြည်သူ့သမ္မတနိုင်ငံဟု အတည်ပြုနိုင် ခဲ့ကြပြီဖြစ်သည်။ မက်ဆီဒိုးနီးယားဟူသော နာမည်သည် ဂရိနိုင်ငံမြောက်ပိုင်းဒေသနာမည် နှင့်လည်း ဆင်တူနေသဖြင့် ဂရိက ကန့်ကွက် ခဲ့ခြင်းဖြစ်သည်။ အိမ်နီးချင်းမက်ဆီဒိုးနီးယား က နေတိုးနှင့် ဥရောပသမဂ္ဂသို့ဝင်ရောက်ရန် လျှောက်ထားမှုကိုလည်း ဂရိက တောက် လျှောက်ကန့်ကွက်ခဲ့သည်။ နာမည်သစ်ကို မက်ဆီဒိုးနီးယားတွင် ပြည်သူ့ဆန္ဒခံယူပွဲဖြင့် အတည်ပြုရန်လိုသလို ဂရိတွင်လည်း လွှတ် တော်၏အတည်ပြုချက် ရယူရန်လိုသေးသည်။
ပြောင်းလဲ
လက်ရှိတွင် မက်ဆီဒိုးနီးယားကို ကုလ သမဂ္ဂတွင် ယခင်ယူဂိုဆလားဗီးယား မက်ဆီ ဒိုးနီးယား ပြည်သူ့သမ္မတနိုင်ငံဟု ခေါ်တွင် ပြီးနောင်တွင် မြောက်ပိုင်းမက်ဆီဒိုးနီးယား ပြည်သူ့သမ္မတနိုင်ငံဟု ပြောင်းလဲခေါ်တွင်ရနိုင် ခြေရှိသည်။ ဘာသာစကားမူကား မက်ဆီ ဒိုးနီးယားဘာသာစကားအဖြစ်သာ ဆက်လက် တည်ရှိမည်ဖြစ်ပြီး လူမျိုးကိုလည်း မက်ဆီဒိုး နီးယားလူမျိုးအဖြစ်သာ ဆက်လက်ခေါ်တွင် မည်ဖြစ်သည်။ နိုင်ငံသားအဖြစ်မူ မြောက်ပိုင်း မက်ဆီဒိုးနီးယား ပြည်သူ့သမ္မတနိုင်ငံသားဟု ခေါ်တွင်မည်ဖြစ်သည်။
အသိအမှတ်ပြု
နာမည်သစ်ကို မက်ဆီဒိုးနီးယားနှင့် ဂရိ သာမက နိုင်ငံတကာကပါ အသိအမှတ်ပြုရ အောင် တရားဝင်ဆောင်ကြဉ်းသွားမည်ဖြစ် ကြောင်း နှစ်နိုင်ငံက ကြေညာခဲ့သည်။ လက်ရှိ တွင် မက်ဆီဒိုးနီးယားဟူသောနာမည်ကို အသိအမှတ်ပြုထားသည့် နိုင်ငံ ၁၄၀ ကျော် ရှိနေသည်။
သဘောတူ
ဂရိဝန်ကြီးချုပ် အလက်ဇစ်ဆီပရက်စ် နှင့် မက်ဆီဒိုးနီးယားဝန်ကြီးချုပ် ဇိုရန်ဇက်တို့ ဘူလ်ဂေးရီးယားတွင် ပြီးခဲ့သည့်လကကျင်းပ သည့် ဥရောပသမဂ္ဂအစည်းအဝေး၏ အရန် အစည်းအဝေးတစ်ခုတွင် တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက် နိုင်ငံနာမည်သစ်ကို နှစ်ဖက်သဘောတူ အတည်ပြုခဲ့ကြခြင်းဖြစ်သည်။

















