မီးနေသည်တစ်ဦးကလေးနှင့်အတူ အမြင့် ၂၅ ပေတိုက်ခန်းမှခုန်ချ ၁၂ ရက်သားအရွယ် မွေးကင်းစကလေးငယ်သေဆုံး

မီးနေသည်တစ်ဦးကလေးနှင့်အတူ အမြင့် ၂၅ ပေတိုက်ခန်းမှခုန်ချ ၁၂ ရက်သားအရွယ် မွေးကင်းစကလေးငယ်သေဆုံး

ဒဂုံဆိပ်ကမ်းမြို့နယ်တွင် မီးနေသည်တစ်ဦးကလေးနှင့်အတူ အမြင့် ၂၅ ပေတိုက်ခန်းမှခုန်ချခဲ့ပြီး ၁၂ ရက်သားအရွယ် မွေးကင်းစကလေးငယ်သေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းက သိရသည်။

ဇွန် ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံတွင် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်ခဲ့သူ အမျိုးသမီးနှင့်  ၁၂ ရက်သားအရွယ် သေဆုံးသူကလေးငယ်တစ်ဦး ရောက်နေကြောင်း သတင်းအရ ဒဂုံဆိပ်ကမ်းမြို့မရဲစခန်းမှ ရဲအုပ်ဝင်းကိုနှင့်အဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။

သက်ဆိုင်ရာ၏စစ်ဆေးချက်အရ အသက် ၁၂ ရက်အရွယ် ကလေးငယ်မှာ ဦးခေါင်းပွန်း ဒဏ်ရာဖြင့်သေဆုံးနေပြီး ၄င်း၏ မိခင်တွင် ဝဲခြေသလုံးပေါက်ပြဲ၊ခါးနာကျင်ဒဏ်ရာ၊များရရှိ ထား သည် ကို တွေ့ရှိခဲ့သည်။

စုံစမ်းစစ်ဆေးချက်အရ ဒဏ်ရာရရှိသူ အမျိုးသမီးမှာ ဒဂုံဆိပ်ကမ်းမြို့နယ် တန်ဖိုးနည်းအိမ်ရာအပိုင်း (၂) နေ အသက် ၃၈ နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး နံနက် ၈ နာရီခွဲအချိန်ခန့်က သွေးလန့်၍ သေဆုံးရန် အကြံဖြင့်ကလေးနှင့်အတူ အမြင့် ၂၅ ပေခန့်ရှိ ဝရန်တာမှတစ်ဆင့် ခုန်ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဒဂုံဆိပ်ကမ်းရဲစခန်းက(ပ)၄၅၃/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၄ က/၃၀၉ အရ အမှုဖွင့် အရေး ယူထားသည်။