နိုင်ဂျီးရီးယားနိုင်ငံ၌ မွေးစကလေးကြောင့် ဖခင်တစ်ဦးရရှိခံစားရမည့်ခွင့်ကို မပေးအပ်ရန် လွှတ်တော်က လွန်ခဲ့သောလတွင် ဆုံးဖြတ်ခဲ့ သော်လည်း အစဉ်အလာနှင့် ဓလေ့များကြောင့် ယင်းဆုံးဖြတ်ချက်ကို ကန့်ကွက်သည့်အမျိုး သားများစွာမရှိခဲ့ချေ။နိုင်ငံအနောက်တောင်ပိုင်း လာဂို့စ်ကဲ့သို့ ပြည်နယ်အနည်းငယ်၌သာ အမျိုးသားများ အား ဇနီးများ ကလေးမွေးဖွားပြီးနောက် ရက်အနည်းငယ်ခွင့်ပေးထားသည်။ ယမန်နှစ် တွင် အက်ဆက်စ်ဘဏ်သည် ဝန်ထမ်းအမျိုး သားများအား ဖခင်တစ်ဦးခံစားရမည့်လစာဖြင့် တစ်ပတ်စာခွင့်ပေးအပ်ခဲ့မှုကြောင့် နာမည်ကျော် ကြားသွားခဲ့သည်။
နိုင်ဂျီးရီးယားအလုပ်သမားဥပဒေများအရ အမျိုးသမီးများသည် မီးဖွားခွင့်ကို လစာဖြင့် ရက်သတ္တပတ် ၁၂ ပတ်စာ ရရှိထားသည်။ လိင်ခွဲခြားမှုလုံးဝမရှိစေရဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေတွင်ဖော်ပြထားကြောင်း ဖခင်တစ်ဦးခံစားရမည့်ခွင့်ဆိုင်ရာဥပဒေကြမ်းကို လွှတ် တော်သို့တင်သွင်းခဲ့သည့် အမတ်အက်ဒွပ်ပွာ ယော့ခ်က ပြောဆိုခဲ့သည်။ ဇနီးဖြစ်သူ ကလေး မွေးသည့်အချိ်န်တွင် အမျိုးသားများသည်လည်း အခက်အခဲများနှင့်ကြုံရလေ့ရှိသည်ကို အားလုံး သိရှိခဲ့ပြီးဖြစ်ကြောင်း ၎င်းက လွှတ်တော်တွင် ပြောဆိုခဲ့သည်။
အမျိုးသားများအား ဇနီးများစွာယူခွင့်ပြု ထားသည့် နိုင်ဂျီးရီးယား၌ ဇနီးများစွာရှိသော အမျိုးသားသည် ဇနီးတစ်ဦးမွေးဖွားတိုင်း ခွင့် ရရှိနေမည်ဆိုပါက လတိုင်းခွင့်ယူနေရမည်ဖြစ် ကြောင်း ၎င်းတို့က ပြောဆိုခဲ့သည်။
နိုင်ဂျီးရီးယားနိုင်ငံသားများက ပွာယော့ခ်၏ဥပဒေကြမ်းကို ဆန့်ကျင်ခဲ့ကြသည်။ အမျိုး သားများအတွက် မီးဖွားခွင့်မလိုအပ်ကြောင်း ရုပ်သံအစီအစဉ်တင်ဆက်သူတစ်ဦးက ပြော ဆိုခဲ့သည်။ ဖခင်တစ်ဦးခံစားရမည့်ခွင့်ကိုရရှိ သည့် အမျိုးသားနှင့်ပတ်သက်၍ ဇနီးဖြစ်သူက နေအိမ်တွင် မည်မျှအကူအညီပေးသည် မပေး သည်ကို သုံးသပ်မှုပြုလုပ်ကာ သက်ဆိုင်ရာ အလုပ်အကိုင်၏အကြီးအကဲထံသို့ တင်ပြသင့် ကြောင်း ၎င်းက ပြောဆိုခဲ့သည်။
















