အနောက်ဘက်ကမ်းခြေဒေသရှိ ပါလက် စတိုင်းသားများပိုင်သော မြေများပေါ်တွင် တရားမဝင်ဆောက်လုပ်ထားသော နေအိမ် ၁၅ လုံးတွင်နေထိုင်သည့် ဂျူးလူမျိုးကျူးကျော် သမားများအား အစ္စရေးရဲတပ်ဖွဲ့က ဇွန် ၁၂ ရက်တွင် နေရာရွှေ့ပြောင်းစေခဲ့သည်။
ဆန့်ကျင်
ဂျူးလူမျိုး ၅၀ဝ ခန့်သည် နေရာရွှေ့ပြောင်း ရန်လုပ်ဆောင်မှုကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး အချို့ကလည်း ရဲတပ်ဖွဲ့ဝင်များအား ကျောက် ခဲများ၊ ပုလင်းများဖြင့်ပစ်ပေါက်ခဲ့ကာ ဒါဇင် ပေါင်းများစွာသည် နေအိမ်များထဲမှမထွက်ဘဲ ပိတ်ဆို့နေထိုင်ခဲ့ကြသည်။ ထိပ်တိုက်ဆုံမှု အတွင်း ရဲတပ်ဖွဲ့ဝင်ခြောက်ဦး ဒဏ်ရာရရှိခဲ့ပြီး ဆန္ဒပြသူသုံးဦးကိုဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့၏ပြောခွင့်ရှိသူ မစ်ကီရိုဆန်ဖဲ့ဒ်က ပြောဆိုခဲ့သည်။
နေရာရွှေ့ပြောင်းမှုကို ဆန့်ကျင်သည့်ဆန္ဒ ပြသူများသည် ဂျေရုဆလင်သို့ အဝင်လမ်းကို ပိတ်ဆို့ထားမှုကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ရှိခဲ့သည်။ နေအိမ်အများစုတွင်မူ နေထိုင်သူ များသည် ဆန့်ကျင်မှုမပြုဘဲ ရွှေ့ပြောင်းပေးခဲ့ ကြောင်း ရိုဆန်ဖဲ့ဒ်က ပြောဆိုခဲ့သည်။
ညွှန်ကြား
ပါလက်စတိုင်းသားများပိုင်မြေများပေါ်၌ တရားမဝင်ဆောက်လုပ်ထားခြင်းဖြစ်သော ကြောင့် ဖယ်ရှားမှုပြုလုပ်ရန် အစ္စရေးတရား လွှတ်တော်ချုပ်က ၂၀၁၆ ခုနှစ်တွင် ညွှန်ကြား ခဲ့ပြီးဖြစ်သည်။
သိမ်းယူ
၁၉၆၇ ခုနှစ်စစ်ပွဲတွင် အစ္စရေးသည် အနောက်ဘက်ကမ်းခြေသာမက အရှေ့ဂျေရု ဆလင်ကိုပါ ဂျော်ဒန်လက်ထဲမှသိမ်းယူခဲ့သည်။ ယနေ့တွင် အဆိုပါဒေသများ၌ ဂျူးလူမျိုး ၆၀ဝ၀ဝ၀ ခန့် ကျူးကျော်နေထိုင်နေသည်။ အနောက်ဘက်ကမ်းခြေ၌ အိမ်ရာများတိုးချဲ့ဆောက်လုပ်နေထိုင်မှုသည် တရားမဝင်သော လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံတကာက လက်ခံ ထားသည်။

















