ပုပ္ပါးတောင်မြေပြိုမှုဖြစ်ပွားခဲ့ပြီး ဆွမ်းချက်ဆောင်တစ်ဆောင်ပျက်ဆီးခဲ့
ဇွန် ၁၅ ရက်နေ မွန်းလွဲ ၁ နာရီ ချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ ပုပ္ပားတောင်ကလပ်တွင် မြေပြိုမှုဖြစ်ပွားကြောင်းသိရသည်။
မြေပြိုမှုကြောင့် ပုပ္ပားတောင်ကလပ်အနီး တည်ဆောက် ထားရှိသည့် ရွှေကူချောင်ကျောင်းတိုက်မှ (၃၀×၂၀)ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း(၁)ထပ် ဆွမ်းချက်ဆောင် ထိခိုက်ပျက်စီးခဲ့ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မီးသတ်တပ်ဖွဲ့၏ကနဦးထုတ်ပြန်ချက်အရသိရသည်။

















