မန္တလေးတိုင်ဒေသကြီး ချမ်းအေးသာစံမြို့နယ်ရှိ သင်္ကန်းအရောင်းဆိုင် လျှပ်စစ်ဝါယာကြိုးများ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့မှု ဇွန် ၁၅ ရက်နေ့ က ဖြစ်ပွားခဲ့သည်။
ဇွန် ၁၄ ရက်နေ့ သန်းခေါင်းကျော် နံနက် ၂ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် သီရိဟေမာအရှေ့ရပ်ကွက်တွင် ဖွင့်လှစ်ထားသည့် ဆင်တံဆိပ် သင်္ကန်းလုပ်ငန်း၏ နေအိမ်ခြံဝင်းအတွင်း သင်္ကန်းများထားရှိသည့် ဂိုဒေါင် ဝါယာရှော့ဖြစ်ကာ မီးစတင် လောင်ကျွမ်းခဲ့သည်။
မီးလောင်မှုကြောင့် ဂိုဒေါင်နှင့် နေအိမ်နံရံများ မီးလောင်ကျွမ်းခဲ့ပြီး မန္တလေးတိုင်းဒေသကြီး မီးသတ်စခန်းမှ မီးသတ်ယာဉ်(၈)စီး၊ မီးသတ်ရေသယ်ယာဉ်(၂)စီး၊ သန္ဓေ(၂၅)ဦး၊ အရန်(၄၀)ဦးတို့ဖြင့် ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၅၅ မိနစ်အချိန်ခန့်တွင် မီးငြိမ်းသတ်ခဲ့သည်။
မီးလောင်မှုကြောင့် (၁၀×၁၅)ပေ၊ သွပ်မိုး၊ ထရံကာ၊ အုတ်ညှပ်နံကပ်(၂)ထပ်၊ သင်္ကန်းအရောင်း ဆိုင်(၂)ဆိုင် နှင့် သင်္ကန်းပရိက္ခရာ ဆက်စပ်ပစ္စည်းများမီးလောင်ဆုံးရှုံခဲ့သောကြောင့် မီးပေါ့ဆစွာ အသုံးပြုသူဒေါ်နွဲ့နွဲ့ယဉ် (၆၈ နှစ်)ကို အမှတ်(၆)နယ်မြေရဲစခန်း(ပ)၁၈၇/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ အရ အမှုဖွင့်အရေးယူထားသည်။

















