မြောက်ကိုရီးယားအနေဖြင့် ၂၀၂၀ ပြည့်နှစ်နောက်ဆုံးထားပြီး နျူကလီးယားလက်နက်များ သိသိသာသာဖျက်သိမ်းသည်ကို အမေရိ ကန်က မြင်လိုကြောင်း တောင်ကိုရီးယားမြို့တော်ဆိုးလ်သို့ရောက်ရှိနေသည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွမ်ပီယိုက ပြောကြားခဲ့သည်။
နျူကလီးယားလက်နက်များ ဖျက်သိမ်းမှု မပြီးမချင်း မြောက်ကိုရီးယားအနေဖြင့် ဆန်ရှင် ရုပ်သိမ်းပေးဖို့ မျှော်လင့်နိုင်မည်မဟုတ်ကြောင်း လည်း မစ္စတာပွမ်ပီယိုက သတိပေးပြောကြား သည်။ စင်ကာပူ၌ အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့ ဆွေးနွေးပြီးနောက် မစ္စတာပွမ်ပီ ယိုသည် ဆွေးနွေးမှုရလဒ် အသေးစိတ်ကို တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းအား ရှင်းလင်းပြောကြားရန် ဆိုးလ်သို့ရောက်ရှိနေ ခြင်းဖြစ်သည်။ ကိုရီးယားကျွန်းဆွယ်တွင်
နျူကလီးယားကင်းစင်ရေးလက်တွဲဖော်ဆောင် သွားရန် ထရမ့်နှင့်ကင်တို့ သဘောတူလက် မှတ်ထိုးခဲ့ကြသည်။
ဝေဖန်မှုထွက်ပေါ်
သို့သော် သဘောတူစာချုပ်တွင် မြောက် ကိုရီးယားအနေဖြင့် မည်သည့်အချိန်၊ မည် သည့်နည်းလမ်းများဖြင့် နျူလက်နက် အပြီး အစီးဖျက်သိမ်းမည်ဟူသော သဘောတူညီချက် မျိုးမပါရှိသဖြင့် ဝေဖန်မှုများလည်းထွက်ပေါ် လျက်ရှိသည်။ ]]မြောက်ကိုရီးယားနဲ့ အများကြီးလက်တွဲ လုပ်ဆောင်ရဦးမှာပါ။ ဘာပဲဖြစ်ဖြစ် လာမယ့် နှစ်နှစ်ခွဲကာလအတွင်းမှာတော့ သိသာထင်ရှား တဲ့အပြောင်းအလဲကို မြင်ကြရမှာဖြစ်ပါတယ်}} ဟု မစ္စတာပွမ်ပီယိုက ပြောသည်။ မြောက်ကိုရီးယားသည် နျူကလီးယား အန္တရာယ်ပေးမည့်နိုင်ငံမဟုတ်တော့ကြောင်း၊ လူတိုင်း စိတ်သက်သက်သာသာနေနိုင်ကြပြီ ဖြစ်ကြောင်း သမ္မတထရမ့်က စင်ကာပူဆွေး နွေးပွဲပြီးနောက် တွစ်တာကတစ်ဆင့်ထုတ်ပြန် ပြောကြားခဲ့သည်။
သံသယဝင်
နိုင်ငံရေးကျွမ်းကျင်သူများကမူ သမ္မတ ထရမ့်စကားကို သံသယဝင်နေကြပြီး သဘော တူစာချုပ်အရ မြောက်ကိုရီးယားသည် နျူ လက်နက်များကိုစွန့်လွှတ်ရန်မပါသလို မည် သည့်အချိန်၊ မည်သည့်နည်းလမ်းများဖြင့် လက်နက်များကို ဖျက်သိမ်းမည်ဟူသောသတ် မှတ်ချက်လည်းမပါဝင်သဖြင့် စင်ကာပူဆွေး နွေးပွဲသည် နှစ်ဖက်စလုံးအနိုင်ရသည့်ဆွေးနွေး ပွဲလော၊ ကင်ဂျုံအွန်အနိုင်ရသည့် ဆွေးနွေးပွဲ လောဟု မေးခွန်းထုတ်မှုများလည်းရှိနေသည်။

















