နာမည်ကျော် ရူပဗေဒပညာရှင် အဲလ် ဘတ်အိုင်းစတိုင်းသည် လူမျိုးရေးခွဲခြားမှုရှိခဲ့ပြီး နိုင်ငံခြားသားများကို ကြောက်ရွံ့သည့်စိတ်ရှိ ခဲ့ကြောင်း မကြာသေးမီက ပုံနှိပ်ထုတ်ဝေခဲ့ သည့်ခရီးသွားမှတ်တမ်းများအရ သိရသည်။
အဆိုးမြင်
မှတ်တမ်းများကို ၁၉၂၂ ခုနှစ် အောက်တို ဘာမှ ၁၉၂၃ ခုနှစ် မတ်အတွင်းရေးသားခဲ့ခြင်း ဖြစ်ပြီး အာရှနှင့်အရှေ့အလယ်ပိုင်းသို့ ခရီး သွားသည့် အတွေ့အကြုံများကို မှတ်တမ်း တင်ဖော်ပြထားခြင်းဖြစ်သည်။ အိုင်းစတိုင်းက တရုတ်လူမျိုးများမှာ ဝီရိယရှိသော်လည်း ညစ် ပတ်ကာ ထူလွန်းတုံးလွန်းသူများဖြစ်ကြောင်း ရေးသားခဲ့မှုများအပါအဝင် အဆိုးမြင်သဘော ဖြင့် ခြုံငုံသုံးသပ်မှုများကို ဖတ်ရမည်ဖြစ်သည်။ အမေရိကန်ရှိ ပရင်စတန်တက္ကသိုလ်ကထုတ် ဝေခြင်းဖြစ်သည်။
ရေးသား
အိုင်းစတိုင်းသည် စပိန်မှ အရှေ့အလယ် ပိုင်းသို့သွားရောက်ခဲ့ပြီး ယင်းမှ သီဟိုကျွန်း (ယခုသီရိလင်္ကာ)သို့သွားခဲ့ကာ ယင်းမှတစ်ဆင့် တရုတ်နှင့် ဂျပန်တို့သို့ သွားရောက်ခဲ့သည်။ အီဂျစ်ရှိပို့ဆက်သို့ရောက်ပြီးနောက် ကုန်ပစ္စည်း များရောင်းချရန် သင်္ဘောပေါ်သို့တက်လာသူ များအား ငရဲမှထွက်လာသူများကဲ့သို့ပင်ဖြစ် ကြောင်း ရူပဗေဒပညာရှင်က ရေးသားခဲ့သည်။ သီဟိုကျွန်း ကိုလံဘိုမြို့သို့ရောက်ရှိပြီးနောက် သီဟိုကျွန်းသားများသည် ညစ်ပတ်ပေရေစွာ နေထိုင်ပြီး မြေကြီးပေါ်တွင် အညစ်အကြေး များကိုတွေ့ရကာ ကျွန်းသားများသည် အလုပ် နည်းနည်းလုပ်၊ လိုအင်လည်းနည်းကြကြောင်း အိုင်းစတိုင်းက ရေးသားခဲ့သည်။
ဝေဖန်
တရုတ်နိုင်ငံသားများအပေါ်လည်း ပြင်း ပြင်းထန်ထန်ဝေဖန်ခဲ့သည်။ တရုတ်နိုင်ငံသည် ကျွဲအုပ်နွားအုပ်နှင့်တူသောနိုင်ငံဖြစ်ပြီး နိုင်ငံ သားများသည် လူများထက် စက်ရုံများနှင့်ပိုတူ ကာ တရုတ်အမျိုးသားများသည် အမျိုးသမီး များ၏ဆွဲဆောင်မှုကို ကြံ့ကြံ့မခံနိုင်ဘဲ မçဘက် လိုက်သူများဖြစ်ကြောင်း အိုင်းစတိုင်းက ဝေဖန် ရေးသားခဲ့သည်။
အဒေါ့ဟစ်တလာနှင့် နာဇီပါတီတို့ သြဇာ ကြီးမားလာခဲ့ပြီးနောက် အိုင်းစတိုင်းသည် ၁၉၃၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းနေထိုင်ခဲ့သည်။

















