ပြည်ပအလုပ်အကိုင်လိုင်စင်မရှိဘဲ လူမှုကွန်ယက်မှတစ်ဆင့် ပြည်ပနိုင်ငံသို့ အလုပ်ခေါ်ယူခဲ့သည်ဆို သူကို တာမွေမြို့မရဲစခန်းက ဇွန် ၁၄ ရက်နေ့က အမှုဖွင့်အရေးယူထားသည်။
ဒလမြို့နယ်နေ အသက် (၃၄)နှစ်အရွယ်အမျိုးသမီးသည်က တိုင်ကြားရာတွင် ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလပိုင်းက လူမှုကွန်ယက်မှတစ်ဆင့် Mr.Zaw အကောင့်ဖြင့် “အိုမန်နိုင်ငံတွင် အလှပြင်သည်အလုပ်လုပ်ပါက (၁)လလျှင် မြန်မာငွေ (၆)သိန်းကျပ်ရ မည်ဖြစ်ပြီး အကျိုးဆောင်ခ အဖြစ်ကျပ် (၂)သိန်းပေးရမည်ဟု” ကြေညာထားသည်ကို အသက် ၃၂ နှစ်အရွယ်ညီမဖြစ်သူက လုပ်ကိုင်လိုသဖြင့် ကောင့်ပိုင်ရှင်နှင့်တွေ့စုံစမ်းမေးမြန်းခဲ့သည်။
ဒအဆိုပါ အကောင့်ပိုင်ရှင်မှာ တာမွေမြို့နယ်၊ ဗျိုင်းရွာမရပ်ကွက် ဇော်မင်းထိုက်(စုံစမ်းဆဲ) ဆိုသူဖြစ်ပြီး ၎င်းက ကြေညာထားသည့် ဆံပင်ညှပ်လုပ်ငန်းလုပ်ကိုင်ရမည်ဖြစ် ကြောင်းပြောဆိုသဘောတူခဲ့ ကာ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၇ ရက် မွန်းလွဲ ၂ နာရီအချိန် လေယာဉ်ဖြင့် အိုမန်နိုင်ငံသို့ ထွက်ခွာခဲ့သည်။ (၁၀)ရက်ခန့် အကြာအစ်မဖြစ်သူ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့ရာ အလုပ်မဝင်ရသေးကြောင်းနှင့် အိုမန်အေးဂျင့်ရုံး၌နေထိုင်ရကြောင်း၊ နောက်(၃)ရက်အကြာတွင် အိမ်ဖော်အလုပ် လုပ်ကိုင်နေရ ကြောင်းပြောပြသိရှိခဲ့သည်။
ဒထို့ကြောင့် ညီမဖြစ်သူကို မြန်မာနိုင်ငံသို့ ပြန်ခေါ်ပေးရန် ကိုဇော်မင်းထိုက်ကို ပြောဆိုခဲ့သော်လည်း (၉)လခန့် ကြာ မြင့်သည့်အထိ အခြားအလုပ် ပြောင်းပေးခြင်း၊ မြန်မာနိုင်ငံသို့ပြန်ခေါ်ခြင်းမရှိသည့် အတွက် ဇော်မင်းထိုက် နှင့် ပတ်သက် ၍စုံစမ်းရာ ပြည်ပသို့ အလုပ်သမားပို့ဆောင်ရန်အတွက် တရားဝင်လိုင် စင်ရယူထား ခြင်းမရှိဘဲ လုပ်ကိုင်ဆောင်ရွက်ကြောင်း သိရှိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ဒတာမွေ မြို့မရဲစခန်း(ပ)၅၉၂/၂၀၁၈၊ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေပုဒ်မ ၂၆ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။
















