လာအိုနိုင်ငံတွင် နေထိုင်သည့် တရုတ်နိုင်ငံသား ၃ ဦးကို နယ်စပ်မြို့အတွင်းသို့ ခေါ်ယူခဲ့သည်ဆိုသူ မြန်မာနိုင်ငံသားအပါဝင် ၄ ဦးကို လွိုင်လင်ခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။
ဇွန်လ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်တွင် လွိုင်လွင်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ ပါဝင်သည့် ပူးပေါင်းအဖွဲ့သည် ကွန်ဟိန်း မြို့နယ်၊ ကာလိမြို့ တာကော်ပူး ပေါင်းစစ်ဆေးရေးဂိတ်၌ ပိတ်ဆို့ရှာဖွေ စစ်ဆေးနေစဉ် နမ့်စန်မြို့ ဘက်မှ ကျိုင်းတုံမြို့ဘက်သို့ ကျိုင်းတုံမြို့နယ်၊ ဝမ်ဝေ့ကျေးရွာနေ လောမူ(၃၆)နှစ် မောင်းနှင်လာ သည့် Vigo ယာဉ်ကို စစ်ဆေးခဲ့သည်။
အဆိုပါယာဉ်ပေါ်တွင် လာအိုနိုင်ငံ၊ နမ့်ထမြို့နေ တရုတ် နိုင်ငံသား အားဖူ(၃၁)နှစ်ပါ ကျား(၃)ဦးကို တွေ့ရှိခဲ့သဖြင့် စစ်ဆေးရာ ၄င်းတို့သည့် တရုတ်နိုင်ငံ သားများဖြစ်ပြီး လက်ရှိ လာအိုနိုင်ငံတွင် နေထိုင်ကြောင်း၊ မြန်မာနိုင်ငံ အတွင်းသို့ တရားမဝင် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသဖြင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
ကာလီနယ်မြေရဲစခန်း (ပ)၈/၁၈၊ လဝကအက်ဥပဒေပုဒ်မ ၁၃(၁)/၁၃(၂)ဖြင့် အမှုဖွင့်အရေးယူထားသည်။
















