တည်းခိုခန်းနှင့် လမ်းများပေါ်တွင် ဓါးပြမှု/ဓါးခုတ်လုယက်ကျူးလွန်ခဲ့ သည်ဆို မှုဖြင့် တိမ်းရှောင်နေသူ တရားခံပြေး ၂ ဦးကို ဖမ်းမိ

တည်းခိုခန်းနှင့် လမ်းများပေါ်တွင် ဓါးပြမှု/ဓါးခုတ်လုယက်ကျူးလွန်ခဲ့ သည်ဆို မှုဖြင့် တိမ်းရှောင်နေသူ တရားခံပြေး ၂ ဦးကို ဖမ်းမိ

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ တည်းခိုခန်းနှင့် လမ်းများပေါ်တွင် ဓါးပြမှု/ဓါးခုတ်လုယက်ကျူးလွန်ခဲ့ သည်ဆို မှုဖြင့် တိမ်းရှောင်နေသူ တရားခံပြေး ၂ ဦးကို သက်ဆိုင်ရာက ဖမ်း ဆီးခဲ့ကြောင်း ဇွန် ၁၅ ရက်နေ့က ရဲတပ်ဖွဲ့ကသတင်းထုတ်ပြန်ထားသည်။

မန္တလေး ခရိုင်အတွင်း တည်းခိုခန်းနှင့် လမ်းများပေါ်တွင် ဓါးဖြင့်ခုတ်လုယက်မှု ကျူးလွန်ခဲ့ သည်ဆိုမှုဖြင့် တိမ်းရှောင်နေသူတရားခံပြေး ကျော်ကျော်(ခ)မင်းသိန်း(ခ)ကျားပေါက်(ခ)ပေါက်စ နှင့်အတူ အောင်ကျော် (ခ)ဂျီဆပ် တို့အား HONDA SCOOPY ဆိုင်ကယ်တစ်စီးနှင့်အတူ မေ ၃၁ ရက်နေ့က မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်။

၄င်းတို့မှာ ပြည်ကြီးတံခွန်မြို့မရဲစခန်း (ပ)၃၈၆/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၂/ကျင့် ၅၄ အမှုနှင့် အမှတ်(၅) မြို့မရဲစခန်း (ပ)၁၉၅/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၉၅/ကျင့် ၅၁၂ အမှုတို့မှ တရားခံပြေး ၂ ဦးဖြစ်ကြောင်းသိရသည်။

၎င်းတို့ကို စုံစမ်းစစ်ဆေးချက်များအရ ယခုနှစ် ဧပြီလသင်္ကြန်အကြိုနေ့ ည ၇ နာရီအချိန်ခန့်က မောင်မောင်ဝင်း၊ စိုးထက်၊ ဗေလုဝ တို့နှင့်အတူ ဆိုင်ကယ် (၂)စီးတို့ဖြင့် အောင်မြေသာစံမြို့နယ်၊ Dynesty တည်းခိုခန်းသို့ သွားရောက်ခဲ့ပြီး ငွေကျပ်(၃၀ဝ၀ဝ)ကို လုယက်ခဲ့ပြီး နှစ်ဆန်း(၁) ရက်နေ့ တွင် ၎င်းပါ(၁၇)ဦးတို့က အဆိုပါတည်းခိုခန်းသို့ ထပ်မံသွား ရောက်ခဲ့ပြီး လက်ကိုင်ဖုန်းများနှင့် ငွေများ ကိုထပ်မံလုယက်မှုကျူးလွန်ခဲ့ကြောင်းဆိုသည်။

ထို့အပြင် မေလအတွင်းကလည်း ၎င်းသည် အောင်ကျော် (ခ)ဂျီဆပ်၊ အောင်ပါစေ(ခ)အောင်အောင်၊ ကိုစိုင်း(ခ)ငစိုင်း၊ စိုးကြီး၊ မိုးဒီတို့နှင့် အတူပြည်ကြီးတံခွန် မြို့နယ် ၇၁×၇၂ လမ်း၊ ပျူစောထီးလမ်းရှိ နေအိမ်တစ်အိမ်အတွင်းသို့ ဝင်ရောက်၍ လုယက်မှု ကျူး လွန်ခဲ့ကြောင်း၊ ထို့နောက် ၎င်းတို့နှင့်အတူ တွေ့ရှိသည့် HONDA SCOOPY ဆိုင်ကယ်နှင့် ပတ်သတ်၍ မေးမြန်းခဲ့ရာ လွန်ခဲ့သော(၃) လခန့်က ၎င်းသည် ညီညီ၊ မှော်ကြီး တို့နှင့်အတူ အမရပူရ မြို့နယ်၊ ရွှေကြက်ယက်ကျေးရွာ၊ နန်းဦးကျောင်း ရှေ့အနီးတွင် မြောက်ဘက်မှ တောင်ဘက် သို့ ၎င်း ဆိုင်ကယ်မောင်းနှင်လာသူ တစ်ဦး အားတား ဆီးခဲ့ပြီး ဓါးဖြင့်ခုတ်ကာ လုယူခဲ့ကြောင်းစစ်ဆေးပေါ်ပေါက်သဖြင့်သက်ဆိုင်ရာက ဥပဒေနှင့် အညီ အရေးယူထားသည်။