မလေးရှားနိုင်ငံသို့ ကန်ဒေါ်လာ ၁၈ သန်း (ရင်းဂစ် ၇၁ သန်း) ခန့်ရှိ မူးယစ်ဆေးဝါးများအား လက်ဖက်ခြောက်ထုပ်များအသွင်ရောနှော တင်ပို့ခဲ့မှုဖြင့် ဖမ်းဆီးရမိခဲ့သည့် ပုဇွန်တောင်မြို့နယ်နေ မောင်မောင်(ခ) Hj Yassin ဆိုသူအပါအဝင် ၃ ဦးကို ယနေ့ ဆိပ်ကမ်းမြို့နယ် တရား ရုံးတွင် ဒုတိယအကြိမ် ချုပ်ရမန်ယူခဲ့သည်
ပူးပေါင်းအဖွဲ့၏စုံစမ်းချက်အရမောင်မောင်(ခ) Hj Yassin ကို ဇွန် ၅ ရက်၊ ညပိုင်းတွင် ပုသိမ်ကြီးမြို့နယ်ရှိ ၁၆ မိုင် စစ်ဆေးရေးစခန်းတွင်ဖမ်းဆီးပြီီး ဇွန် ၇ ရက်နေ့တွင် ဆိပ်ကမ်းမြိုနယ် တရားရုံးတွင် ချုပ်ရမန်ယူခဲ့ပြီး စစ်ဆေးခဲ့သည်။
ယနေ့ရုံးချိန်းတွင််မောင်မောင်(ခ) Hj Yassin နှင့်အတူ အမှုတွင်ပါဝင်သူဟုယူဆရသည့် ၂ဦးကိုလည်း ရုံးထုတ်စစ်ဆေးခဲ့ပြီးဒုုုတိတအကြိမ်ချုုပ််ရမန်ယူခဲ့သည်။
အဆိုပါအမှုမှ သံသယရှိသူများကိုထပ်မံအရေးယူမှုများနှင့်ပတ်သက်၍ ရဲတပ််််ဖွဲ့က စုံစမ်းစစ်ဆေးဆဲဖြစ်ခြင်းကြောင့်ဟုဆိုကာ ယနေ့တိုင်သတင်းထုတ်ပြနခဲ့ ခြင်းမရှိခဲ့ပေ။
မေ ၂၂ ရက်နေ့ က မြန်မာနိုင်ငံဘက်မှသင်္ဘောကွန်တိန်နာဖြင့် ထည့်သွင်းတင်ပို့ခဲ့သည့် လက်ဖက်ခြောက်ထုပ်များနှင့်ဝှက်လျက် သယ်ဆောင်လာသည့် တန်ချိန်ပေါင်း ၁ ဒသမ ၂ တန် နီးပါးရှိ မူးယစ်ဆေးဝါးများအား သိမ်းဆည်းရမိခဲ့ပြီး အဆိုပါ မူးယစ်ဆေးဝါးများနှင့်အတူ မလေးရှားနိုင်ငံသားသုံးဦးနှင့် မြန်မာနိုင်ငံသား သုံးဦးတို့ကိုပါ ဖမ်းဆီးခဲ့ကြောင်းမလေးရှားအာဏာပိုင်များက မေ ၂၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
















