အိပ်ချ်အိုင်ဗွီဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်သည့် ကုသနည်းသစ်ကို တွေ့ရှိပြီဖြစ်ကြောင်း ဟောင်ကောင်သိပ္ပံပညာရှင်များထုတ်ပြန်

အိပ်ချ်အိုင်ဗွီဗိုင်းရပ်စ်ကို ထိန်းချုပ်နိုင်သည့် ကုသနည်းသစ်ကို တွေ့ရှိပြီဖြစ်ကြောင်း ဟောင်ကောင်သိပ္ပံပညာရှင်များထုတ်ပြန်

ဟောင်ကောင် ဇွန် ၁၆
အေ့ဒ်စ်ရောဂါဖြစ်စေသည့် အိပ်ချ်အိုင်ဗွီပိုးကို ထိန်းချုပ်နိုင်သည့် ကုသနည်းသစ်တစ်ခုကို တွေ့ရှိခဲ့ပြီဖြစ်ကြောင်း ဟောင်ကောင်တက္ကသိုလ်ရှိ သုတေသနအဖွဲ့တစ်ဖွဲ့က ဇွန် ၁၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။

    ယခုတွေ့ရှိသော ရောဂါကာကွယ်သည့် ပဋိပစ္စည်းကို အိပ်ချ်အိုင်ဗွီကူးစက်မှုမှကာကွယ်ရန်နှင့် ကူးစက်ခံထားရသူများ ရောဂါအခြေအနေမဆိုးရွားစေရေးထိန်းချုပ်ရန်တို့အတွက် အသုံးပြုနိ်ုင်မည်ဖြစ်သည်။ တရုတ်နိုင်ငံ၌ အိပ်ချ်အိုင်ဗွီကူးစက်မှုနှုန်းမြင့်တက်နေချိန်တွင် ပါမောက္ခချန်းကျိဝေဦးဆောင်သော အဖွဲ့က တွေ့ရှိကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ 
တရုတ်နိုင်ငံ၌ အိပ်ချ်အိုင်ဗွီကူးစက်ခံထားရသူ ၈၅၀ဝ၀ဝ ခန့်ရှိနေကြောင်း ကုလသမဂ္ဂက ပြောဆိုခဲ့သည်။အိပ်ချ်အိုင်ဗွီပိုးသည် လူ့ခန္ဓာကိုယ်ရှိ ခုခံအားစနစ်ကို ပျက်စီးစေသောကြောင့် ရောဂါကူးစက်မှုနှင့် အခြားရောဂါများဖြစ်နိုင်ခြေများခဲ့သည်။
    ချန်းနှင့်အဖွဲ့သည် ကြွက်များတွင် စမ်းသပ်ခဲ့ခြင်းဖြစ်သည်။ တွေ့ရှိသော ပဋိပစ္စည်းသည် ဗိုင်းရပ်စ်ကိုထိန်းချုပ်ပြီး ကူးစက်ခံထားရသော ကလာပ်စည်းများကို ဖျက်ဆီးပစ်မည်ဖြစ်သည်။ ပဋိပစ္စည်းကို အိပ်ချ်အိုင်ဗွီအမျိုးအစားအားလုံးကိုကုသရာတွင် အသုံးပြုနိုင်ကြောင်း ချန်းကပြောဆိုခဲ့သည်။ အိပ်ချ်အိုင်ဗွီဗိုင်းရပ်စ်အားလုံးကို ကုသနိုင်သည့် ကာကွယ်ဆေးမရှိသေးချေ။
    ပဋိပစ္စည်းကြောင့် ခန္ဓာကိုယ်တွင်း ဗိုင်းရပ်စ်ပမာဏသည် နည်းပါးလွန်းသောကြောင့် မတွေ့ရှိပြီဟု ဆိုလို့ရသည့် အဆင့်ကိုရောက်ရှိသွားခြင်းကို ထိန်းချုပ်နိုင်ပြီဟုဆိုလိုခြင်းဖြစ်ပြီး လူများသည် ပဋိပစ္စည်းများကို ပုံမှန်ထိုးသွင်းကာ ကုသမှုခံယူနေရန်လိုအပ်ကြောင်း ချန်းက ပြောဆိုခဲ့သည်။
    ချန်းနှင့် အဖွဲ့၏တွေ့ရှိမှုကို ကမ္ဘာ့နာမည်ကျော် ဇီဝဆးပညာဂျာနယ်တစ်ခုဖြစ်သည့် ကုခန်းစုံစမ်းဖော်ထုတ်မှုဂျာနယ်တွင် ဖော်ပြထားသည်။ အိပ်ချ်အိုင်ဗွီကူးစက်ခံထားရသည်ကို အေအာရ်တီဆေးဝါးများဖြင့် ဗိုင်းရပ်စ်ကိုထိန်းချုပ်နိုင်သော်လည်း ဗိုင်းရပ်စ်က ကလာပ်စည်းသစ်များသို့ မကူးစက်နိုင်အောင်ကိုမူ တားဆီးနိုင်ခြင်းမရှိသေးသလို ကူးစက်ခံကလာပ်စည်းကိုလည်း ဖျက်ဆီးနိုင်ခြင်းမရှိသေးချေ။ 
    အစိုးရများသည် အိပ်ချ်အိုင်ဗွီကူးစက်မှုတားဆိီးရေးအစီအစဉ်များကို အကောင်အထည်ဖော်ရန် နှေးကွေးနေသောကြောင့် ကုသမှုများကို အမြန်ဆုံးလုပ်ဆောင်နိုင်ဦးမည်မဟုတ်ကြောင်း ဟောင်ကောင်ရှိ အေ့ဒ်စ် ရောဂါတိုက်ဖျက်ရေးအဖွဲ့၏အမှုဆောင်အရာရှိ အန်ဒရူးချစ်ဂေးကပြောဆိုခဲ့သည်။ 
    ယခုတွေ့ရှိသော ပဋိပစ္စည်းများအား လူသားများတွင်စမ်းသပ်ရန် သုံးနှစ်မှ ငါးနှစ်အထိ အချိန်ယူရဦးမည်ဖြစ်ကြောင်း ချန်းနှင့် အဖွဲ့က ပြောဆိုခဲ့သည်။