ရွှေဆိုင်တစ်ဆိုင်မှရွှေဆွဲကြိုးတစ်ကုံး လိမ်လည်ယူဆောင်သွားသည်ဆိုသူ အမျိုးသမီးကိုဖမ်းမိ

ရွှေဆိုင်တစ်ဆိုင်မှရွှေဆွဲကြိုးတစ်ကုံး လိမ်လည်ယူဆောင်သွားသည်ဆိုသူ အမျိုးသမီးကိုဖမ်းမိ

လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံံ့နေသည့်် ရွှေဆိုင်တစ်ဆိုင်မှရွှေဆွဲကြိုးတစ်ကုံး လိမ်လည်ယူဆောင်သွားသည်ဆိုသူ အမျိုးသမီးကို ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ ဇွန် ၁၇ ဖော်ထုတ်ဖမ်းဆီးခဲ့သည်။

ဇွန် ရရက် နံနက် ၁၀ နာရီ ၄၅မိနစ် အချိန်ခန့်တွင် မြောက်ဥက္ကလာပမြို့နယ်(စျ)ရပ်ကွက်ခေမာသီလမ်းအမတ်(၆၆၂)ရှိရွှေမင်းသမီးရွှေဆိုင် သို့ အမျိူးသမီးတစ်ဦးရောက်လာပြီး ရွှေဆွဲကြိုးတစ်ကုံးဝယ်ယူလိုကြောင်းပြော၍ အလေးချိန် ၁  ကျပ် ၇ ပဲ  ၆ ရွေးသား၊ တန်ဖိုး ၁၃ သိန်း ၈ သောင်းကျပ်တန် ရွှွေဆွဲကြိုးတစ်ကုံးကိုဘောင်ချာဖြတ်၍ယူဆောင်ပြီးငွေရှင်းရန်အတွက်ရွှေဆိုင်အနီးရှိ၄င်း၏စျေးဆိုင်သို့ငွေလိုက်ယူရန်ပြောဆိုခဲ့သည်။

အရောင်းဝန်ထမ်းက ငွေလိုက်ယူရာ အဆိုပါ အမျိုးသမီးမှာ (စျ) စျေးအတွင်းမျက်ခြေဖြတ်သွားသဖြင့်ရွှေဆွဲကြိုးကိုလိမ်လည်ရယူသူအမျိုးသမီးကိုအရေးယူပေးရန်တိုိင််ကြားခဲ့သည်။

မြောက်ဥက္ကလာပမြို့မရဲစခန်း၊ (ပ) ၅၇၃ / ၁၈ ၊ရာဇသတ်ကြီးပုဒ်မ ၄၂၀ အရ အမှုဖွင့် စုံစမ်းခဲ့သည်။

ရွှေဆိုင် စီစီတီဗီမှတ်တမ်းအရ အမှုဖြင့်တိမ်းရှောင်နေသူ  ပဲခူးမြို့၊ ဥဿမြို့သစ်နေ မမာလာ ( ခ ) ဇောင်တလား(၃၀) နှစ် ကို ဇွန် ၁၇ ရက် မွန်းလွဲ ၂ နာရီ ၄၅ အချိန််တွွင် ဖမ်းဆီးရမိခဲ့သည်။

၄င်းသည် အလားတူ မေ ၂၂ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ(ဆက)ရပ်ကွက်လေးထောင့်ကန်လမ်းမကြီး၊ရွှေမြင့်မိုရ် ရွှေဆိုင်၌ လည်းကောင်း၊ မေ ၂၄ ရက်တွင် ရန်ကင်းမြို့နယ်(၁၂)ရပ်ကွက်ကံဘဲ့ဘူတာရုံလမ်း၊   လိုတရ အပေါင်ဆိုင်၌ လည်းကောင်း ရွှေထည်ပစ္စည်းများ လိမ်လည်ရ ယူသွားသဖြင့် သင်္ဃန်းကျွန်းနှင့် ရန်ကင်းမြို့မရဲစခန်းများတွင် အမှုများအသီးသီးဖွင့်ထားပြီး  စုံစမ်းဆောင်ရွက်နေသူဖြစ်ကြောင်း ပေါ်ပေါက်ခဲ့သည်။

ပြစ်မှုကျူးလွန်သူ မမာလာ ( ခ ) ဇောင်းတလား အား အခြားလိမ်လည်မှုများ ရှိ/မရှိ တိုက်ဆိုင်စစ်ဆေးလျက်ရှိ ကြောင်းနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များမှ ရွှေဆိုင်များ၌လည်း အလားတူ လိမ်လည်မှုမျိုး ရှိပါက ရွှေဆိုင်ပိုင်ရှင်များအနေဖြင့် သက်ဆိုင်ရာ ရဲစခန်းများသို့ဆက်သွယ်အမှုဖွင့်ရန် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။