စက်တပ်သမ္ဗန်နစ်မြုပ်မှုတွင် ပျောက်ဆုံးသူ ၄ ဦး အနက် သေဆုံးသူ ၂ ဦးကို တွေ့ရှိ

စက်တပ်သမ္ဗန်နစ်မြုပ်မှုတွင် ပျောက်ဆုံးသူ ၄ ဦး အနက် သေဆုံးသူ ၂ ဦးကို တွေ့ရှိ

ဆိပ်ကမ်းမြို့နယ် စဉ့်အိုးတန်းဆိပ်မှ ဒလ ကမာကသွယ် သမ္ဗန်ဆိပ်သို့မောင်းနှင်လာသောစက်တပ်သမ္ဗန် နစ်မြုပ်မှုတွင် ပျောက်ဆုံးသူ ၄ ဦး အနက် သေဆုံးသူ ၂ ဦးကိုကယ်ဆယ်ရေး အဖွဲ့ဝင်များက တွေ့ရှိခဲ့ကြောင်း ဆိပ်ကမ်းမြို့မရဲစခန်းမှ သိရသည်။

အခင်းဖြစ်ပွားသည့် နေ့မှစ၍ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ပျောက်ဆုံးသူ ၄ ဦးကိုဆက်လက်ရှာဖွေခဲ့ရာ ဇွန် ၁၆ ရက်တွင် အမျိုးသမီးတစ်ဦးအလောင်းကိုဗိုလ်တစ်ထောင်ဓနိတောအနီး မြစ်ဆိပ်မှ လည်းကောင်း၊ ဇွန် ၁၇ ရက်နေ့လယ်
၁၂ နာရီ အချိန်ခန့်တွင် သီလဝါကမ်းနား အောက်ဘက် အနီး အမျိုးသားတစ်ဦး၏အလောင်းကို လည်းကောင်း ထပ်မံတွေ့ရှိခဲ့သည်။
ဖြစ်စဉ်မှာ ဇွန် ၁၃ ရက်ည ၈ နာရီမိနစ် ၂၀ အချိန်ခန့်တွင် ဆိပ်ကမ်းမြို့နယ် စဉ့်အိုးတန်းဆိပ်မှ ဒလမြို့နယ် ကမာကသွယ်( ကူးတို့)ဆိပ်သို့စက်လှေမောင်းကျော်မင်း (၄၄ နှစ်)မောင်းနှင်သည့် စက်တပ် သမ္ဗန်နစ်မြုပ်ခဲ့ပြီး စက်လှေသမားပါ ခရီးသည် (၁၂ )ဦးအနက် အသက်ရှင်လျက်(၈)ဦးကို ကယ်ဆယ်ရေးအဖွဲ့က ပြန်လည်ဆယ်ယူနိုင်ခဲ့ပြီးလူ(၄)ဦးပျောက်ဆုံးခဲ့ကြောင်း သိရသည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး