တရားခံပြေးကို ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့ဝင် ၃ဦး ဒဏ်ရာရ

တရားခံပြေးကို ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့ဝင် ၃ဦး ဒဏ်ရာရ

ရာဇဝတ်မှု၊ပို့ကုန်သွင်းကုန်ဥပဒေတို့ဖြင့် တရားခံ ပြေးအဖြစ် ကြေညာထားသူကို ရဲတပ်ဖွဲ့က ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့နယ်တွင်သွားရောက်ဖမ်းဆီးစဉ် ပြန်လည်ခုခံသဖြင့် ရဲတပ်ဖွဲ့ ဝင် ၃ဦး  ဒဏ်ရာရရှိခဲ့မှု ဇွန် ၁၆ ရက်က ဖြစ်ပွားခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်တရားရုံး၏ ရာဇဝတ်အထွေထွေ အမှုအမှတ်(၁၇/၁၈)ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၃/ကျင့် ၅၁၂ အမှု၊ ရာဇဝတ်အထွေထွေ အမှုအမှတ် (၁၈/၁၈)ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ ၈/ကျင့် ၅၁၂ အမှုတို့မှ ကွမ်းခြံကုန်း တောင်ဘက်ပိုင်း ရပ်ကွက်နေသူ တရားခံပြေး လင်းထွဋ်ဝင်း(၂၁)နှစ်သည်
တစ်ရပ်ကွက်တည်းနေ အသိဖြစ်သူ ဒေါ်စန်းအေး(၄၅)နှစ် နေအိမ်၌ရောက်ရှိနေကြောင်း သတင်းရရှိသဖြင့် ဇွန် ၁၆ ရက် မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန်တွင် ကွမ်းခြံကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်ဖမ်းဆီးခဲ့သည်။
ထိုသို့ ဖမ်းဆီးစဉ် လင်းထွဋ်ဝင်းနှင့် ၎င်း၏အစ်ကို
ကိုနိုင်(ခ)နိုင်မျိုးအောင်(၂၄)နှစ်တို့က ရဲတပ်ဖွဲ့ ဝင်များကိုဆဲဆိုကာပြန်လည်ခုခံ တိုက်ခိုက်သဖြင့် လုံးထွေးဖမ်းဆီးခဲ့ရပြီး ရဲတပ်ဖွဲ့ဝင်(၃)ဦးတွင် ဒဏ်ရာများရရှိခဲ့သောကြောင့် လင်းထွဋ်ဝင်းနှင့်
ကိုနိုင်(ခ)နိုင်မျိုးအောင် တို့(၂)ဦးကို အရေးယူပေးရန် တိုင်ကြားခဲ့သည်။
 ကွမ်းခြံကုန်းမြို့မရဲစခန်းက(ပ)၂၈၆/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၃၂/၂၉၄ အရအရေးယူထားသည်။