စစ်ဘေးဒဏ်ခံ မိုုဆူလ်မြို့သားများကို မမေ့ရန် နိုင်ငံတကာအား အင်န်ဂျလီနာဂျိုလီတိုက်တွန်း

စစ်ဘေးဒဏ်ခံ မိုုဆူလ်မြို့သားများကို မမေ့ရန် နိုင်ငံတကာအား အင်န်ဂျလီနာဂျိုလီတိုက်တွန်း

ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ အေဂျင် စီ၏အထူးကိုယ်စားလှယ် အင်န်ဂျလီနာဂျိုလီ သည် အီရတ်နိုင်ငံမြောက်ပိုင်းရှိ မိုဆူလ်မြို့ သို့ ဇွန် ၁၆ ရက်တွင် သွားရောက်ခဲ့ပြီး စစ် ဒဏ်ခံခဲ့ရသည့် မြို့ကို ပြန်လည်တည်ထောင် နေသည့် မြို့နေများကို လျစ်လျူရှုမထားရန် နိုင်ငံတကာအသိုက်အဝိုင်းကို တိုက်တွန်း ပြောဆိုခဲ့သည်။

တိမ်းရှောင်

မိုဆူလ်မြို့အား သုံးနှစ်ကြာ သိမ်းပိုက် ထားသည့် အိုင်အက်စ်စစ်သွေးြွကများလက်မှ ၂၀၁၇ ခုနှစ် ဇူလိုင်တွင် မြို့အား အီရတ် စစ်တပ်က ပြန်လည်သိမ်းပိုက်ခဲ့သည်။ အိုင် အက်စ်သည် မြို့အား သိမ်းပိုက်ပြီး အစွန်းရောက်ဝါဒထွန်းကားရာမြို့တစ်မြို့အဖြစ် အသွင်ပြောင်းခဲ့သည်။ အီရတ်တပ်များနှင့် အိုင်အက်စ်တို့ကြား တိုက်ပွဲကြောင့် မြို့နေ ၉၀ဝ၀ဝ၀ ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့သည်။

ဟောလီးဝုဒ်သရုပ်ဆောင်ဂျိုလီသည် မိုဆူလ်အနောက်ပိုင်းရှိ မိသားစုဝင်တချို့နှင့် တွေ့ဆုံခဲ့ပြီးနောက် ဗုံးဒဏ်ခံခဲ့ရသည့် လမ်း များတစ်လျှောက်တွင် လမ်းလျှောက်ခဲ့ကြောင်း ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာကော်မရှင် နာရုံး( ယူအင်န်အိပ်ချ်စီအာရ်) က ပြောဆိုခဲ့ သည်။ စစ်ဘေးရှောင်ခဲ့သည့် မြို့နေများသည် ခိုလှုံရေးစခန်းများမှ နေအိမ်သို့ပြန်သွားကြ ပြီဖြစ်သောကြောင့် မြို့အစိတ်အပိုင်းတချို့ တွင် ပုံမှန်ပြန်ဖြစ်နေပြီဖြစ်သည်။

အီရတ်အစိုးရတပ်ဖွဲ့ဝင်များ၊ ကာ့ဒ် တိုက်ခိုက်ရေးသမားများနှင့် ရှီယိုက်ပြည်သူ့ စစ်တပ်ဖွဲ့ဝင်များက အမေရိကန်ဦးဆောင် သော မဟာမိတ်အဖွဲ့၏ လေကြောင်းပစ်ကူ ဖြင့် မြို့ပြန်သိမ်းစဉ်အတွင်း အနောက်မိုဆူလ် ရှိ မြို့ဟောင်းထိခိုက်ပျက်စီးခဲ့သည်။

ယူအင်န်အိပ်ချ်စီအာရ်တွင် လုပ်ကိုင်ခဲ့ သည့် နှစ်များအတွင်း အဆိုးရွားဆုံးထိခိုက် ပျက်စီးသည်ကို မြင်တွေ့ခဲ့ရခြင်းဖြစ်ကြောင်း ဂျိုလီက ထုတ်ပြန်ပြောဆိုခဲ့သည်။ မြို့နေများ သည် အရာရာကို ဆုံးရှုံးခဲ့ပြီး ကလေးများ တွက် ဆေး၊ သောက်သုံးရေနှင့် အခြေခံလို အပ်ချက်များကိုရရှိခြင်းမရှိကြောင်း၊ ယင်း ကြောင့် မိုဆူလ်ကို မမေ့ပစ်ထားရန် နိုင်ငံ တကာအား တိုက်တွန်းလိုကြောင်း ၎င်းက ပြောဆိုခဲ့သည်။

ပဉ္စမမြောက်

ဂျိုလီသည် ယူအင်န်အိပ်ချ်စီအာရ်အတွက် ၂၀ဝ၁ ခုနှစ်ကတည်းက အလုပ်လုပ်ခဲ့ခြင်း ဖြစ်ပြီး အီရတ်မှ ကမ္ဘောဒီးယားနှင့် ကင်ညာ တို့အထိ နေရပ်စွန့်ခွာအရပ်သားများနှင့် သွားရောက်တွေ့ဆုံခဲ့သည်။ ဂျိုလီ၏ ယခုခရီး စဉ်သည် အီရတ်သို့ ပဉ္စမမြောက်ခရီးစဉ်ဖြစ် ကြောင်း ယူအင်န်အိပ်ချ်စီအာရ်က ပြောဆို ခဲ့သည်။