ပြင်သစ်၌ အမျိုးသမီးတစ်ဦးက ဗူးဖောက်ကိရိယာဖြင့်တိုက်ခိုက်၍ နှစ်ဦးဒဏ်ရာရ

ပြင်သစ်၌ အမျိုးသမီးတစ်ဦးက ဗူးဖောက်ကိရိယာဖြင့်တိုက်ခိုက်၍ နှစ်ဦးဒဏ်ရာရ

ပြင်သစ်တောင်ပိုင်းရှိ စူပါမားကတ်တစ်ခုအတွင်း အမျိုးသမီးတစ်ဦးက အလ္လာအက္ကဘာဟုအော်ဟစ်၍ စက္ကဗူးဖောက်ကိရိယာဖြင့် တိုက်ခိုက်ခဲ့၍ လူနှစ်ဦးဒဏ်ရာရရှိခဲ့သည်။

ဇွန် ၁၇ ရက်က ဖြစ်ပွားခဲ့သည့် ယင်းတိုက်ခိ်ုက်မှုသတင်းကို ယူရိုဝမ်းရေဒီယိုက ထုတ်လွှင်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်မှုကြောင့် စူပါမားကတ်မှ ငွေကိုင်ဝန်ထမ်းနှင့် ဈေးဝယ်သူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဈေးဝယ်သူကို ဆေးရုံတင်ပို့ ကုသထားကြောင်း သိရသည်။ တိုက်ခိုက်သူအမျိုးသမီးကို ဖမ်းဆီးထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းနေကြောင်းလည်း သိရသည်။