အာမေးနီးယားအမတ်တစ်ဦးဖမ်းဆီးခံရမှု ထောက်ခံသူများဆန္ဒပြ

အာမေးနီးယားအမတ်တစ်ဦးဖမ်းဆီးခံရမှု ထောက်ခံသူများဆန္ဒပြ

အာမေးနီးယားနိုင်ငံတွင် တရားမဝင် လက်နက်နှင့် ဖောက်ခွဲရေးပစ္စည်းများ သိုလှောင်ထားရှိမှုသံသယဖြင့် ဥပဒေပြုအမတ်တစ်ဦးဖမ်းဆီးခံရပြီးနောက် ၄င်းကိုထောက်ခံသူများက ဆန့်ကျင်ဆန္ဒပြခဲ့ကြသည်။

မြို့တော် ယီရီဗန်ရှိအမျိုးသားလုံခြုံရေးဌာနအပြင်ဘက်တွင် ဇွန် ၁၇ ရက်က ဆန္ဒပြကြခြင်းဖြစ်ပြီး ဆန္ဒပြသူများနှင့် ရဲများ ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့သော်လည်း ထပ်မံဖမ်းဆီးမှုသတင်း ထွက်ပေါ်ခဲ့ခြင်းမရှိပေ။ 
စီးပွားရေးသမားတစ်ဦးကို ပြန်ပေးဆွဲမှုနှင့် ပတ်သက်၍ ဇွန် ၁၆ ရက်က ဥပဒေပြုအမတ် မန်ဗဲလ် ဂရီဂိုရီယန် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။  ယင်းစီးပွားရေးသမားသည် ထိပ်တန်းရာဇဝတ်ဂိုဏ်းထူထောင်ထားသည်ဟု စွပ်စွဲခံထားရပြီး ၄င်းလည်း ဖမ်းဆီးခံခဲ့ရသည်။
    ဂရီဂိုရီယန်သည် ရီပတ်ဘလီကန်ပါတီမှ ပါလီမန်ဆိုင်ရာ ဒုတိယအကြီးအကဲဖြစ်ပြီး ဝန်ကြီးချုပ်ဟောင်းဆားဇ် စာဂက်စ်ယန်၏ ထောက်ခံမှု ရရှိထားသည်။ စာဂက်စ်ယန်သည် ဆန့်ကျင်မှုများ ရင်ဆိုင်ရပြီး ဧပြီလက နှုတ်ထွက်ခဲ့ရသူဖြစ်သည်။ အမတ် ဂရီဂိုရီယန်သည် အဇာဘိုင်ဂျန်ဒေသ၏ နာဂါနိ်ု ကရာဘတ်ဒေသခွဲထွက်ရေးတပ်များကိုထောက်ခံသည့်အုပ်စုတစ်စုကိုဦးဆောင်သူလည်း ဖြစ်သည်။