နယူးဂျာစီ အနုပညာပွဲတော်တွင် ပစ်ခတ်မှုများဖြစ်ပွားပြီး သေနတ်သမားတစ်ဦးသေဆုံး၊ ၂၂ ဦးဒဏ်ရာရ

နယူးဂျာစီ အနုပညာပွဲတော်တွင် ပစ်ခတ်မှုများဖြစ်ပွားပြီး သေနတ်သမားတစ်ဦးသေဆုံး၊ ၂၂ ဦးဒဏ်ရာရ

အမေရိကန်နိုင်ငံ၊ နယူးဂျာစီပြည်နယ်၊ ထရန်တန်မြို့တွင် ညလုံးပေါက်ကျင်းပသည့် အနုပညာပွဲတော်တစ်ခု၌ ဇွန် ၁၇ ရက်က သေနတ်ဖြင့်ပစ်ခတ်မှုအချို့ ဖြစ်ပွားခဲ့ရာ ၂၂ ဦး ဒဏ်ရာရရှိခဲ့ပြီး သေနတ်သမားဟု သံသယရှိသူ ၃ ဦးထဲမှ တစ်ဦး သေဆုံးခဲ့သည်။ 

ဒဏ်ရာရရှိသူများထဲတွင်လည်း သေနတ်သမားဟု သံသယရှိသူ ၂ ဦး ပါဝင်သည်။
    ဇွန် ၁၄ ရက် နံနက် ၂ နာရီ ၄၅ မိနစ်တွင် ပစ်ခတ်မှုဖြစ်ပွားချိန်၌ ပွဲတော်တွင်း လူ ၁၀ဝ၀ ခန့် ရောက်ရှိနေချိန်ဖြစ်သည်။ ပွဲတော်အတွင်း ရာဇဝတ်ဂိုဏ်းသားအချင်းချင်း တိုက်ခိုက်မှုအချို့ ဖြစ်ပွားခဲ့၍ ရဲများက ပွဲတော်တာဝန်ရှိသူများကို ပွဲအား ပိတ်ပစ်ရန် လိုကြောင်း ပြောဆိုခဲ့ကြပြီး ပွဲတော်ပိတ်ပစ်ရန် စီစဉ်နေစဉ် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    လူဆိုးဂိုဏ်းသားများ အပြန်အလှန်ပစ်ခတ်ခဲ့ကြပြီး ရဲများကလည်း ပစ်ခတ်နှိမ်နင်းခဲ့ကြောင်း၊ သေနတ်သမားတစ်ဦးဖြစ်သည့် အသက် ၃၃ နှစ်ရွယ် တာဟာ ဝီးလ်စ်ဆိုသူ သေဆုံးခဲ့ပြီး ၄င်းသည် သေမှုသေခင်းစွဲချက်တင်ခံခဲ့ရပြီး ခံဝန်ဖြင့်လွတ်လာသူဖြစ်ကြောင်း သိရသည်။
    ကျည်ဆန်အများအပြားဝင်ဆံ့အောင် ပြုပြင်ထားသည့် ပစ္စတိုတစ်လက်အပါအဝင် လက်နက်အများအပြားကို ရဲတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်။ နှစ်ရက်တာ ကျင်းပရန်ကျန်ရှိသည့် ပွဲတော်အစီအစဉ်ကို ဖျက်သိမ်းခဲ့သည်။