ညောင်နှစ်ပင် ဇုံ ၃ အပိုင် ကန်ဘောင်လမ်းအနီး ထိုးသွင်းဒဏ်ရာဖြင့် အမျိုးသားအလောင်းတွေ့ရှိ
လှည်းကူးမြို့နယ် ညောင်နှစ်ပင် ဇုံ ၃ အပိုင် ကန်ဘောင်လမ်းအနီး ထိုးသွင်းဒဏ်ရာဖြင့် သေဆုံးနေသူ အမျိုးသားအလောင်း တွေ့ရှိခဲ့ကြောင်း ယနေ့ ဇွန် ၁၉ ရက်က သိရသည်။
ယနေ့ နံနက် ၈နာရီခွဲခန့်တွင် လှည်းကူးမြို့နယ်ညောင်နှစ်ပင်ဇုံ( ၃)အပိုင် ကန်ဘောင်လမ်းဘေးတွင် ချွန်ထက်သောအရာနှင့်ထိုးသွင်းခံရ၍သေဆုံးနေ သည်ဟုယူဆရသောအသက်(၂၅)နှစ်အရွယ်ခန့် အမည်မသိ(စုံစမ်းဆဲ)အမျိုးသားတစ်ဦးအလောင်း တွေ့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါလူသေအလောင်းကို ကရုဏာရှင်အသင်း-လှည်းကူးမြို့(အခမဲ့)နာရေးကူညီမှုအသင်းက လှည်းကူးမြို့ နယ်ပြည်သူ့ဆေးရုံသို့ ပို့အပ်ခဲ့ကြောင်း သိရသည်။ သေဆုံးမှုနှင့်ပတ်သက်၍ သက်ဆိုင် ရာက စစ်ဆေးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။

















