ရန်ကုန် - မန္တလေးလမ်းဟောင်း၌ ကုန်တင်ယာဉ် ၂ စီးမျက်နှာချင်းဆိုင်တိုက်မိ

ရန်ကုန် - မန္တလေးလမ်းဟောင်း၌ ကုန်တင်ယာဉ် ၂ စီးမျက်နှာချင်းဆိုင်တိုက်မိ

ဇွန် ၁၉ ရက် နံနက် ၅ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် ရန်ကုန် - မန္တလေးလမ်းဟောင်း မိုင်တိုင် ၁၅၇/၅ နှင့် ၆ အကြား ကုန်စိမ်းများတင်ဆောင်လာသည့် ၆ ဘီးကုန်တင်ယာဉ်နှင့် ရွေလှေ့စက်များတင်ဆောင် လာသည့် ၁၂ ဘီးကုန်တင်ယာဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် ၁၂ ဘီးကုန်တင်ယာဉ်ပေါ် လိုက်ပါလာသူ ရွှေလှေ့စက်မောင်းသူ ၂ ဦး ထိခိုက်ဒဏ်ရာရရှိပြီး တစ်ဦးကို တောင်ငူဆေးရုံကြီးသို့ ပို့အပ်ထားကြောင်း ကနဦး သိရသည်။