(FDA)မှ ဒုဦးစီးမှူး အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ခဲ့မှုဖြင့် တရားစွဲခံထားရသူကို အပြီးသတ်အမိန့်ချမည်

(FDA)မှ ဒုဦးစီးမှူး အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ခဲ့မှုဖြင့် တရားစွဲခံထားရသူကို အပြီးသတ်အမိန့်ချမည်

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA)မှ ဒုတိယဦးစီးမှူး အမျိုးသမီးကို အဓမ္မပြုကျင့်သတ်ခဲ့သည်ဆိုမှုဖြင့် တရားစွဲဆိုခံထားရသူ မျိုးဇော်ဦး(ခ) ဆီဒိုးနားကို အပြီးသတ်အမိန့်ချရန် ဇွန် ၂၂ ရက်တွင် ရုံးချိန်းချိန်းဆိုခဲ့ကြောင်း ၄င်း၏ ရှေ့နေ ဦးမောင်မောင်စိုးက ပြောသည်။ 

အပြီးသတ်အမိန့်ချရန် ဇွန် ၁၈ ရက် ရုံးချိန်းတွင် နှစ်ဖက်အကျိုးဆောင်များက တရားသူကြီးထံ အပြီးသတ်လျှောက်လဲချက်များ ပေးခဲ့ကြသည်။ တရားလိုဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော်ရှေ့နေ ဒေါ်ငြိမ်းငြိမ်းအေးက ခရိုင်တရားရုံးက စွဲချက်တင်ထားသည့် ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃ဝ၂ (၁)(ဂ)ဖြင့် အမိန့်ချမှတ်ရန် ရုံးတော်သို့လျှောက်ထားခဲ့ပြီး မျိုးဇော်ဦး (ခ) ဆီဒိုးနား၏ အကျိုးဆောင်ရှေ့နေ ဦးမောင်မောင်စိုးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ ဖြင့် သာ အမိန့်ချမှတ်ရန် လျှောက်လဲချက်ပေးခဲ့သည်။ 
သေဒဏ်အထိ အမိန့်ချမှတ်နိုင်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂/(၁)(ဂ) ဖြင့် ချမှတ်ရန် လျှောက်လဲချက်ပေးခဲ့သည့် တရားလို ဥပဒေအရာရှိက လျှောက်ထားမှုအပေါ် မျိုးဇော်ဦး၏ ရှေ့နေ ဦးမောင်မောင်စိုး က''အခင်းဖြစ်ပွားစဉ်က မျက်မြင်သက်သေတစ်စုံတစ်ရာမရှိခဲ့သည့် အပြင် ပတ်ဝန်းကျင်၏ပြောဆိုမှုဖြင့်အမှုတည်ဆောက်ခဲ့ခြင်းကြောင့် သေဒဏ်ချရန်မသင့်သည့် ရာဇသတ် ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့်သာ အမိန့်ချရန် လျှောက်လဲချက်ပေးခဲ့ကြောင်း" ပြောကြားခဲ့သည်။ မျိုးဇော်ဦးက သေဆုံးသူ အမျိုးသမီးအပေါ် အဓမ္မပြုကျင့်ခဲ့သည့်သက်သေအထောက်အထား စစ်ဆေးချက်များအရ မရှိသော်လည်း ဆေးစာပြန်ကြားချက်အရ သေဆုံးသူ၏ ခန္ဓာကိုယ် အမျိုးသမီး အင်္ဂါအရှေ့နှင့်အနောက် တို့တွင် ထိုးသွင်းဒဏ်ရာများတွေ့ရှိမှုနှင့် လူသတ်လုယက်မှုတို့ကို ကျူးလွန်ခဲ့ သည်မှာ ထင်ရှားသဖြင့် ပုဒ်မ ၃ဝ၂ (၁)(ဂ)ဖြင့်သာ အမြင့်ဆုံးပြစ်ဒဏ်ချပေးရန် တရားလွှတ် တော် ရှေ့နေ ဒေါ်ငြိမ်းငြိမ်းအေး ကလျှောက် ထားခဲ့သည်။ 
ပြီးခဲ့သည့် ဇန်နဝါရီ ၂၁ ရက် နံနက်၇ နာရီခွဲက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၃) တိုးချဲ့ရပ်ကွက်၊ ငမိုးရိပ် ချောင်းကူးတံတားဘေး ကုလားမန်ကျည်းပင်အောက်၌ အမျိုးသမီးတစ်ဦး ဒဏ်ရာများဖြင့်လဲကျသေဆုံးနေကြောင်းသတင်းအရ မြောက်ဒဂုံမြို့မ ရဲစခန်းမှူးနှင့် အဖွဲ့က သွားရောက် စစ်ဆေးခဲ့သည်။ 
အလောင်းတွင် ဝဲပါး၊ လည်ပင်းဖူးရောင်ညိုမဲ၊ လည်ပင်းရှေ့ထိုးသွင်းဒဏ်ရာ ၁ ချက်၊ မိန်းမအင်္ဂါသွေး ထွက်ဒဏ်ရာများဖြင့် သေဆုံးနေပြီး ဒဂုံမြို့မရဲစခန်းက လူပျောက်မှုဖြင့် စုံစမ်းနေသည့် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ ဒုတိယဦးစီးမှူး၏ အလောင်းဖြစ်ကြောင်း သိရ သဖြင့် မြောက်ဒဂုံမြို့မရဲစခန်းက (ပ)၈၃/၁၈၊ ရာဇ သတ်ကြီးပုဒ်မ ၃၀၂ အရ ကနဦးအမှု ဖွင့်စုံစမ်းခဲ့သည်။ 
သက်ဆိုင်ရာက ပြစ်မှုကျုးလွန်ကြောင်း သံသယရှိသူ မျိုးဇော်ဦး(ခ) ဆီဒိုးနားကို ဇန်နဝါရီ ၂၄ ရက် မွန်းလွဲ ၂ နာရီတွင် မင်္ဂလာဈေးတွင် ဖမ်းဆီးရမိခဲ့ကာ တရားရုံးသို့တရားစွဲဆို တင်ပို့ခဲ့ခြင်း ဖြစ်သည်။ အမှုနှင့်ပတ်သက်၍ မျိုးဇော်ဦးကို လူသတ်မှု၊လုယက်မှု ၊မုဒိမ်းမှု၊ ဓမ္မတာနှင့်ဆန့်ကျင်ကာမဆက်ယှက်မှု အစရှိသည့် ပုဒ်မ ၄ ခုဖြင့် အရှေ့ပိုင်းခရိုင်တရားရုံးသို့ တရားစွဲဆိုတင်ပို့ခဲ့သည်။ 
တရားစွဲဆိုတင်ပို့မှုနှင့်ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ မျိုးဇော်ဦးက အမှုရင်ဆိုင်ရန်ရှေ့နေ ငှားရမ်း နိုင်ခြင်းမရှိသဖြင့် အစိုးရရှေ့နေတစ်ဦးဖြစ်သည့် ဦးမောင်မောင်စိုးက ၄င်းဘက်မှ လိုက်ပါဆောင်ရွက်ပေးခဲ့ရသည်။ 
အမှုကို အရှေ့ပိုင်းခရိုင်တရားရုံးက ရာဇသတ်ကြီးဥပဒေပုဒ်မ ၃ဝ၂ (၁)(ဂ) ဖြင့် ဧပြီ ၃၀ ရက်တွင် စွဲချက်တင်ခဲ့ပြီးနောက် မျိုးဇော်ဦးနှင့် ၄င်းဘက်မှ တရားလိုပြသက်သေများကို ပြန်လည်စစ်ဆေးခဲ့သည်။ 
ထိုသို့စစ်ဆေးနေစဉ် မှုခင်းပိုင်းဆိုင်ရာ ထွက်ဆိုချက်များအရ ဇွန် ၁၈ ရက်တွင် နှစ်ဖက်အကျိုးဆောင်များက အပြီးသတ်လျှောက်လဲချက်ပေးခဲ့ခြင်းဖြစ်သည်။ အဆိုပါအမှုနှင့်ပတ်သက်၍ ရုံးချိန်းသည် ၁၇ ကြိမ်မြောက်စစ်ဆေးခဲ့ပြီး သက်သေ ၂၉ ဦးကို စစ် ဆေးခဲ့ပြီးဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး