စိတ်ကျန်းမာရေးမကောင်းသူတစ်ဦး လည်ပင်းကို ဘရိတ်ဓားဖြင့် လှီးဖြတ်သေဆုံး

စိတ်ကျန်းမာရေးမကောင်းသူတစ်ဦး လည်ပင်းကို ဘရိတ်ဓားဖြင့် လှီးဖြတ်သေဆုံး

ခရမ်းမြို့နယ်တွင် စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးသည် ၄င်း၏လည်ပင်းကို ဘရိတ်ဓားဖြင့်လှီးဖြတ်သေဆုံးခဲ့ကြောင်း ဇွန် ၁၈ ရက်က ခရမ်းမြို့မရဲစခန်းမှ သိရသည်။ 

ဇွန် ၁၇ ရက် ည ၁၁ နာရီ အချိန်ခန့်တွင် ခရမ်းမြို့နယ် ကြာကန်ကျေးရွာ၌ စိတ်ကျန်းမာ ရေးမကောင်းသူ အမျိုးသားတစ်ဦး မိမိလည်ပင်းကို ဘရိတ်ဓားဖြင့်လှီးဖြတ်သေဆုံးခဲ့ ကြောင်း ကျေးရွာ အုပ်ချုပ်ရေးမှူးက သက်ဆိုင်ရာသို့ အကြောင်းကြားသဖြင့် ရဲအုပ်နေလင်းအောင် နှင့်အဖွဲ့ က သွားရောက်စစ်ဆေးခဲ့သည်။ 
သေဆုံးသူမှာ ကို----(၃၁ နှစ်)ဖြစ်ပြီး ငယ်စဉ်ကတည်းက စိတ်ကျန်းမာရေးမကောင်းသူဖြစ်သည်။ ၄င်းသည် လွန်ခဲ့သော ၂ နှစ်ခန့်မှစတင်ပြီး ပိုမိုဆိုးရွားလာခဲ့ကြောင်း သိရသည်။ 
မိသားစုက အမြဲစောင့်ကြည့်နေရပြီး အခင်းဖြစ်နေ့ ညက ဘုရားခန်းတွင် အိပ်ပျော်နေစဉ် ရုတ်တရက်ထထိုင်ခဲ့ကာ ၄င်း၏ လည်ပင်းကို ဘရိတ်ဓားဖြင့် လှီးဖြတ်ပြီးနောက် အိပ်ရာပေါ်သို့ လဲကျသွားသည်ကို မိခင်ဖြစ်သူက မြင်တွေ့ခဲ့ရသောကြောင့် လှမ်းဆွဲစဉ် မမီခဲ့ကြောင်း သိရသည်။
 ထို့နောက် သွေးတိတ်စေရန် ဝိုင်းဝန်းပြုစုနေစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ဖခင်ဖြစ်သူက ပြောပြခဲ့သည်ဟု သိရသည်။ အလောင်းကို ခရမ်းဆေးရုံသို့ပို့အပ်ခဲ့ပြီး ဘုရားပျိုနယ်မြေရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၂/၁၈ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။